ဇွန်လ၆ရက်(ယနေ့) နေ့လည်က ရန်ကုန်တိုင်းဒေသကြီး ထွေ/အုပ်ချုပ်ရေး မှူး ဒေါက်တာသန်းအောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံးတွင် ဗကသ၊ ကသဖတို့တွေ့ဆုံစဉ် ဗကသရပ်တည်မှုမှာ တရားမ၀င်သေး ကြောင်း ရှင်းပြခဲ့သော်လည်း ကျောင်းသားသမဂ္ဂ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ကျောင်းသားကွန်ဂရက်ခေါ်ယူ ဆွေးနွေးနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဗကသမှ ကိုအောင်ကျော်က ပြောသည်။
ကိုကျော်ကိုကိုက “ကျောင်းသားသမဂ္ဂဆိုတာ အရင်ခေတ်ထဲက တက္ကသိုလ် အက်ဥပဒေအောက်မှာ သီးခြားလွတ်လပ်တဲ့ ကျောင်းသားထု အရေးဆောင်ရွက်တဲ့ ကျောင်းသားသမဂ္ဂတွေရှိခဲ့တယ်။
ကျောင်းသားသမဂ္ဂဟာ လွတ်လွတ်လပ်လပ်ဆောင်ရွက်တယ်၊ မှတ်ပုံတင်ပြီးဆောင် ရွက်တာမျိုးမရှိဘူး။ အဲဒီအချိန်မျိုးပြန်ရောက်သွားအေ
ာင် ကျွန်တော်တို့လို ချင်တယ်။ လက်ရှိဥပဒေမှာ မပြည့်စုံတဲ့အပိုင်းတွေရှိတဲ့အတွက် က ဥပဒေအသစ်ပေါ်ထွန်းလာပြီးတော့ တက္ကသိုလ်အက်ဥပဒေရဲ့ ပုံစံပြန်ဝင်လာပြီး တက္ကသိုလ်တွေဟာ သီးခြားလွတ်လပ်တဲ့ အနေအထားနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကျောင်းသားသမဂ္ဂတွေကလည်း အဲဒီတက္ကသိုလ်ရဲ့ အောက်က လွတ်လပ်စွာလှုပ်ရှားပိုင်ခွင့်ရှိတဲ့ အနေအထားမျိုး ဥပဒေအသစ်ကိုရောက်အောင်သွားပေးနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တောင်းဆို ထားတယ်။နောက်ပိုင်း မှာ ပြည်သူလူထုတစ်ရပ်လုံးကိုလည်း တောင်းဆိုဆိုပြီးတော့ လွှတ်တော် လမ်းေ ကြာင်း ကနေပြီးတော့ အဲဒါကို ပြဌာန်းနိုင်ဖို့ ကျွန်တော်တို့တောင်းဆို မယ်လို့ ပြောလိုက်တယ်”လို့ပြောခဲ့သည်ဟု သိရသည်။
တွေ့ဆုံပွဲသို့ ဗကသ ဥက္ကဌ ကိုကျော်ကိုကို၊ ကိုအောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် စသည့် ကျောင်းသား ၈ဦးနှင့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ (ကသဖ)မှ ဒု ဥက္ကဌ ကိုစည်သူမောင်တို့ တက်ရောက်ခဲ့သည်။