Searching...

စစ်တွေမြို့ ရှိ ရခိုင် အိမ်များနှင့် ဟိန္ဒူ ဘုရားကျောင်း ကို ဘင်္ဂါလီများက မီးရှို့လျှက်ရှိ မီးလောင်ကြွမ်းမှုများ ဆက်လက် ဖြစ်ပွားနေ

ဇွန်လ ၁၂ ရက်နေ့

ဘင်္ဂါလီ ရိုဟင်ဂျာများကြောင့် မီးလောင်ကျွမ်းနေသော ကျောင်းကြီးလမ်း ရပ်ကွက် နှင့် နာဇီရပ်ကွက် မြင်ကွင်းအား နေ့လည် ၂း၃၀ နာရီခန့်က တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက ကျောင်းကြီးလမ်းရပ်ကွက်တွင်ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့မှုကြောင့် မီးလောင်ကြွမ်းမှုမှာ ဆက်လက် ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင
် သတင်းပေးပို့ပါသည်။

အလားတူ စစ်တွေမြို့ ဖေရာလမ်းရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းနှင့် အိမ်များအား ရိုဟင်ဂျာ ဘင်္ဂါလီများက မီးရှို့လျှက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်က မွန်းလွဲ ၂ နာရီတွင် သတင်းပေးပို့ထားကြောင်း Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
 
အပေါ်သို့!