ခရီးသွားလုပ်ငန်းနှင့်အကျိုးဆောင်များမှ တဆင့်ဗီဇာလျှောက်ထားခြင်းကိုယာယီပိတ်ပင်လိုက်သဖြင့်
ထိုင်းဗီဇာလျှောက်ထားရာတွင် အဆင်ပြေစေရန်သံရုံး၏ ဗီဇာဌာနကို စနေနေ့တွင်
နေ့တစ်ဝက်ဖွင့်ပေးလိုက်ကြောင်းထိုင်းသံရုံးနှင့်
ထိုင်းဗီဇာလျှောက်ထားသူများထံမှသိရသည်။
“ဗီဇာက အေးဂျင့်ကတစ်ဆင့် လျှောက်လို့မရတော့ ကိုယ်တိုင်လျှောက်ရတယ်။
သံရုံးကအဆင်ပြေအောင် ဆိုပြီး ဒီနေ့ (မတ်၁၇ရက်)စနေနေ့ကို
နေ့တစ်ဝက်ဖွင့်ပေးတယ်”ဟု
ထိုင်းသံရုံးတွင်ဗီဇာကိုယ်တိုင်လျှောက်ထားခဲ့သူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံမှခရီးသွားများအများဆုံးသွားလာလည်ပတ်ရာ ထိုင်း
နိုင်ငံသို့သွားရောက်ရန်ဗီဇာများကို
ပြည်တွင်းဗီဇာဝန်ဆောင်မှုလုပ်ငန်းများနှင့် လက်မှတ်အရောင်းဌာနများက
ဝန်ဆောင်ခယူလုပ်ပေးရာတွင်လက်မှတ်အတုပြဿနာ များဖြစ်ပွားခဲ့သဖြင့်
ရန်ကုန်မြို့ရှိထိုင်းသံရုံးမှအေးဂျင့်များမှတစ်ဆင့်
ဗီဇာလျှောက်ထားခြင်းကို လွန်ခဲ့သော ရက်အနည်းအတွင်းက ပိတ်ပင်လိုက်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်လိုလျှင်ဗီဇာကို
ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်သည်။
အေးဂျင့်များမှတစ်ဆင့်လျှောက်ထားရာတွင် ကိုယ်တိုင်သွားစရာမလိုဘဲ
အဆင်ပြေသော်လည်း နာမည်ရှေ့တွင် အမျိုးသားနှင့်အမျိုးသမီးမှားခြင်း ဖခင်နာ
မည်လွဲခြင်း စသည့်ပြဿနာများနှင့်
မကြာခဏရင်ဆိုင်ရကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။
“အေးဂျင့်နဲ့လုပ်သွားတဲ့သူတစ်ယောက် ထိုင်းလေဆိပ်မှာ
လက်မှတ်အတုနဲ့ ပြဿနာတက်တယ်ကြားတယ်။ဘယ်တော့အေးဂျင့်ကနေတစ်ဆင့်ဗီဇာ
လျှောက်လို့ ရမလဲဆိုတာ မသိရသေးဘူး”ဟုရန်ကုန်မြို့ရှိထိုင်းဗီဇာ လျှောက်
ထားသည့်ဝန်ဆောင်မှုပေးသောအေးဂျင့်တစ်ဦးကပြောသည်။
ထိုင်းဗီဇာလျှောက်ထားရာတွင် အေးဂျင့်များမှတစ်ဆင့်လျှောက် ထားရာ၌
လျှောက်ထားသူများ အတွက်ပိုမိုလွယ်ကူသော်လည်း ယခုကဲ့သို့ပြဿနာများဖြစ်လာ
သည့်အတွက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ များကပြောကြားနေကြသည်။
