မထသ(ဗဟို)နှင့် စိတ်ပညာဌာနရှိ ပါမောက္ခများ ပူးပေါင်း၍ ယာဉ်လုပ်သားများအား
စိတ်ပိုင်း ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို
ဒဂုံတက္ကသိုလ်မှ စိတ်ပညာဌာနမှူး ပါမောက္ခဦးအေး ကျော်မှ
အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ကာ ရေးဖြေစာမေးပွဲကို ဇွန်လ ၁၂
ရက်နေ့နှင့် လူတွေ့ စစ်ဆေးမှုကို ဇွန်လ ၁၇ ရက်နေ့က
ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ယင်းသို့စစ်ဆေးမှုပြုလုပ်ရာတွင် ယာဉ် မောင်းများအား
ရန်လိုစိတ်၊
လိုဘမပြည့်စိတ်၊ စိတ်လှုပ်ရှားမှု၊ စိတ်လိုက်မာန်ပါ၊ ယုံမှားသံသယစိတ်၊
အပြင်စွဲ စိတ်၊ မရင့်ကျက်စိတ်၊ စိုးရိမ်စိတ်နှင့် ကာကွယ်မှုများနှင့်
ဆက်စပ်သောမေးခွန်းများကိုလည်းကောင်း၊ ယာဉ် နောက်လိုက်များကို
အတ္တအလေးအမြတ်ထားစိတ်၊ စိတ်လှုပ်ရှားမှု၊ လိုဘမပြည့်စိတ်၊ ရန်လိုဒေါသစိတ်၊ ယုံ
မှားသုံသယစိတ်နှင့် အန္တရာယ်ပြုလိုစိတ်စသည်တို့နှင့်
ဆက်စပ်သည့်မေးခွန်းများကို ရေးဖြေနှင့် နှုတ်ဖြေစစ် ဆေးခဲ့ခြင်းဖြစ်သည်။
ခုနှစ်က ၁၄၀၅ ဦးနှင့် ၂၀၁၂ ခုနှစ် ယခုအချိန်အထိ ၂၃၂ ဦးတို့ကို
စစ်ဆေးပြီးဖြစ်သည်။