Searching...

လူအားလုံးအတွက်ကတော့ စိတ်မကောင်းစရာ ဝမ်းနည်းစရာ ဖြစ်ရပ်

ရိုဟင်ဂျာကတော့ တစ်မျိုး။ ရိုဟင်ဂျာဆိုတာ ဦးနု ဖင်ယားပြီး မဲလိုချင်တော့ တိုင်းရင်းသားထဲ ဆွဲထည့် ရုပ်မြင်သံကြားအစီအစဉ်တွေထဲ ထည့်ပြရာက ဖြစ်လာတဲ့ဇာတ်။ ရခိုင်မှာ ဘင်္ဂလားဒေ့ရှ်ကလူတွေ ရောက်လာတာကို မတားဆီးနိုင်တာက အစိုးရနဲ့ ဝန်ထမ်းတွေမှာ တာဝန် အပြည့်အဝရှိတယ်။ ရခိုင်က အဲဒီပြဿနာပေါင်းများစွာကို သိမ်းကြုံး ခံရလေတော့ အဲဒီ ဘင်္ဂလီကောင်တွေကို အသေမုန်းတယ်။ သူတို့မုန်းတာ အစ္စလာမ်မဟုတ်၊ ကုလားရယ်လို့မဟုတ် ဒါမျိုးကို ခွဲခြားရမယ်။

အခုဖြစ်တာမှာ ရခိုင်နယ်က ဘင်္ဂလီတွေ ငွေကြေးနဲ့ မိုက်ကြေးခွဲ ကြတာကြောင့်လည်း

အရင်းခံတယ်။ ဒါပေမယ့် ဘင်္ဂလီသုံးယောက် မိုက်ကန်းတာကို အားလုံးကို သိမ်းကြုံး ပတ်ရမ်းတဲ့ အစွန်းရောက် လူတွေရဲ့ လုပ်ရပ်ကတော့ အလွန်မှားတယ်။ ဒါတွေအားလုံးက အကြမ်းဖက်မှုတွေပဲ။ အခုဆက်ပြီး မောင်တောဘက်မှာ ဘင်္ဂလီတွေက သူတို့ကို အကြမ်းဖက်လေခြင်း ဆိုပြီး ထကြွနေတာက အခြေအနေကို ပိုဆိုးသွားစေတယ်။ ဒါဆိုရင် ဒေသခံ ရခိုင်တွေကိုလည်း ထိန်းသိမ်းရ ခက်လိမ့်မယ်။ ဒီကြားထဲ အယ်ကေဒါက စာထုတ်တယ်ဆိုပြီး သတင်းထွက်လာပြန်တယ်။ ရင်လေးဖွယ်ရာ အခြေအနေပါပဲ။

ဦးနေဝင်းတုန်းကတော့ ဘင်္ဂလီတွေ တသီကြီး ပြန်ပို့ပစ်ခဲ့တယ်။ ဦးသန်းရွှေကတော့ ဒီလို ရုတ်ရုတ်ရုတ်ရုတ် ဖြစ်တာ မှန်သမျှကို အာဏာနဲ့ လက်နက်နဲ့ အပြတ်ကိုင်တယ်။ သူတို့နှစ်ယောက်စလုံး နာမည်မကောင်းလေဘူး။ ဦးသိန်းစိန် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာက သူ့ကို မှတ်ကျောက်တင်လိမ့်မယ် ထင်ပါရဲ့။ နှစ်ပေါင်းများစွာ အခြေတည်လာတဲ့ ပြဿနာတစ်ခုထဲမှာ ကြားထဲက ဓားစာခံ ဖြစ်ရတဲ့ လူအားလုံးအတွက်ကတော့ စိတ်မကောင်းစရာ ဝမ်းနည်းစရာ ဖြစ်ရပ် တစ်ခုပဲ ဖြစ်ပါတယ်။
 
အပေါ်သို့!