ဆူးလေစေတီတ၀ိုက်သို့ ရောက်ရှိလာသည်ကိုတွေ့ရသည်။ လုံထိန်းရဲကား ၆ စီးထက်မနည်း ရောက်ရှိလာပြီး မြို့တော်ခန်းမရှေ့တွင် ရပ်နားထားသည်ကိုတွေ့ရသည်။ ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အစ္စလာမ်ဘာသာဝင်များကိစ္စကို စုံစမ်းအရေးယူပေးရန် တို့ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားပြီးမကြာမီ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး ရောက်ရှိလာပြီး ဆန္ဒပြလုအုပ်ကို စိတ်ရှည်သည်းခံကြဖို့ အမုန်းတရားအပေါ် အခြေမခံကြဖို့ ပြောဆိုခဲ့သည်။ အစ္စလာမ်ဘာသာဝင် ဆန္ဒပြသူများအပြင် အခြားလူထုပရိတ်သတ်လည်း တဖြည်းဖြည်းများပြားလာသည့်နောက်
ဆူးလေ ဘုရားအနီးမှ ဆန္ဒပြလူစုနှင့်လုံခြုံရေးရဲများ
ဆူးလေ ဆန္ဒပြလူစုလူဝေး လူစုခွဲစေရန် လုံခြုံရေးရဲများ မေတ္တာရပ်ခံ ဇွန်လ ၅ ၊ ၂၀၁၂ -YPI ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဗလီရှေ့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် စုဝေးလျှက်ရှိသည့် လူစုလူဝေး အားလူစုခွဲစေရန် ရန်ကုန် အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး မျိုးအောင် နှင့်အဖွဲ့က မေတ္တာရပ်ခံ လျှက်ရှိရာ ညနေ ၄ နာရီခွဲဝန်းကျင်၌ ရာဂဏန်းမျှသာ ကျန်ရှိတော့သည်ကိုတွေ့ရသည်။ ညနေ ၄ နာရီကျော်တွင် အဓိကရုဏ်းနှိမ်နှင်းရေး လုံထိန်းရဲကားများလည်း မြို့တော်ခန်းမနှင့်
ဆူးလေစေတီတ၀ိုက်သို့ ရောက်ရှိလာသည်ကိုတွေ့ရသည်။ လုံထိန်းရဲကား ၆ စီးထက်မနည်း ရောက်ရှိလာပြီး မြို့တော်ခန်းမရှေ့တွင် ရပ်နားထားသည်ကိုတွေ့ရသည်။ ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အစ္စလာမ်ဘာသာဝင်များကိစ္စကို စုံစမ်းအရေးယူပေးရန် တို့ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားပြီးမကြာမီ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး ရောက်ရှိလာပြီး ဆန္ဒပြလုအုပ်ကို စိတ်ရှည်သည်းခံကြဖို့ အမုန်းတရားအပေါ် အခြေမခံကြဖို့ ပြောဆိုခဲ့သည်။ အစ္စလာမ်ဘာသာဝင် ဆန္ဒပြသူများအပြင် အခြားလူထုပရိတ်သတ်လည်း တဖြည်းဖြည်းများပြားလာသည့်နောက် ရဲတပ်ဖွဲ့ဝင်များက လူစုလူဝေးအား လူစုခွဲပေးရန် မေတ္တာရပ်ခံပြီး အခြေအနေကို ထိန်းသိမ်းလျှက်ရှိသည်။ ဆူးလေစေတီ၏ ၀င်ပေါက် အချို့ကို ပိတ်ထားပြီး ဆူးလေစေတီအ၀ိုင်းပတ်သည့် ကားလမ်းကိုလည်း ယာဉ်ကြောတကြောသာ ဖွင့်ထားပေးကာ ကုန်သည်ကြီးများ ဟိုတယ်ဘက်မှ ဆူးလေဘုရားစေတီဘက်သို့ ဆင်းသည့် ယာဉ်ကြောကိုလည်း ပိတ်ဆို့ထားသည်။ ရန်ကုန်မြို့တွင်း၌ လူအများ ပုံမှန်သွားလာလျှက်ရှိကြပြီး ဆူးလေလမ်းမတ၀ိုက် လမ်းဘေးဈေးသည်များကိုသာ လုံခြုံရေး အကြောင်းကြောင့် ရှင်းလင်းထားသည်ကို တွေ့ရသည်။