ဓါတ်ပုံ-Popular Myanmar News Journal
နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်ဖြင့် အထူးလုပ်ငန်းအဖွဲ့များပါဝင်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ကိုဖွဲ့စည်း
နေပြည်တော်-ဇွန်(၁၈)
တိုင်းပြည်အတွင်း
စက်မှုကဏ္ဍများတိုးတက်လာသည်နှင့်အမျှ ၊လူနေမှုအဆင့်အတန်းခေတ်မှီလာသည်နှင့်
အမျှ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကြရန် လိုအပ်သည်။
ထို့ကြောင့်နိုင်ငံတော်သမ္မတရုံး
ခွင့်ပြုချက်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်းပြီး
လုပ်ငန်း တာဝန်များကိုလျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်
သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို
ဖြေရှင်းဆောင်ရွက်ရာ တွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊
စစ်ဆေးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စား လှယ်များ
ဖြင့် ဇွန် ၁၄ရက် က နေပြည်တော် ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
နှင့်သစ်တောရေးရာ
ဝန်ကြီးဌာန ကျွန်းရွှေဝါအစည်းအဝေးခန်းမ တွင် လုပ်ငန်း
ညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင်
အမည်မဖော်လိုသူ ပညာရှင်တစ်ဦးက "ယခင် န၀တ ၊ နယက လက်ထက်ကတည်းက
ကျွန်တော်တို့ က ပုဂ္ဂလိက စက်ရုံတွေ၊အစိုးရရေအားလျှပ်စစ်တွေ
လုပ်တိုင်းတင်ပြချက်တွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်ချက်တွေ
၊ဆိုးကျိုး ကောင်းကျိုးတွေ ထည့်ပေးနေကြပါ။ဘာမှခွင့်ပြုချက် မရခဲ့လို့ပါ။
အခုတော့ နိုင်ငံတော်သမ္မတရုံးကခွင့်ပြုချက်အမိန့်နဲ့ စပြီးလုပ်ခိုင်းတော့
ကျွန်တော်တို့ ပညာရှင်တွေ ကသက်ဆိုင်ရာဝန်ကြီးဌာနတွေ ကပညာ၇ှင်တွေနဲ့
Knowledge Share လုပ်ပြီး ထိထိ ရောက်ရောက် လုပ်သွား မှာပါ " ဟုပြောကြားသည်။
အဆိုပါကော်မတီတွင်
မြေအသုံးချမှုဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့၊ မြစ်ချောင်းများ နှင့်
ရေတိမ်ဒေသဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့၊ စက်မှုစီမံကိန်းများ စက်ရုံကြီးများ
မြို့ပြရပ်ရွာဆိုင်ရာ အထူးလုပ်ငန်း အဖွဲ့၊
ပတ်ဝန်းကျင်ရေးရာမူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာအထူးလုပ်ငန်းအဖွဲ့၊ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေး
နှင့် အသိပညာပြန့်ပွားရေးအထူးလုပ်ငန်းအဖွဲ့ ဟူ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အထူး လုပ်ငန်း အဖွဲ့(၅)ဖွဲ့ပါဝင်ကြောင်း သိရသည်။
(မျိုးသန့်)-Popular Myanmar News Journal