တရားမ၀င်ပြည့် တန်ဆာအိမ်
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ အတွင်းရှိ အချို့သော
လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော
တရားမ၀င်ပြည့်တန်ဆာအိမ်များ လုံးဝပပျောက်သေးခြင်းမရှိကြောင်း ဒေသခံအချို့၏
ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။”သိပ်မကြာသေးဘူး ။ဂျာနယ်တစ်စောင်က
ဒီပြည့်တန်ဆာအိမ်တွေကြောင့်….ရပ်ကွက်ထဲကသမီးရှင်တွေအိမ်ပြောင်းပြေးတယ်ဆိုတဲ့
ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ရေးလိုက်တာ တွေ့ လိုက်ရတယ်…
ဒီတော့ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ
့ဒီကိစ္စကြီးကိုသိပြီးအရေးယူတော့မယ်ထင်တာပေါ့.. ပြီးတော့
ဒီပြည့်တန်ဆာအိမ်တွေကြောင့် ဒီရပ်ကွက်ကပါလို့ ကိုယ့်ကိုယ်ကို မပြောရဲရှာတဲ့
သမီးပျိုတွေအတွက်လည်း အခြေအနေတွေကောင်းလာတော့မယ်ထင်တာပေါ့…. ဒါပေမယ့်
ဒီပြည့်တန်ဆာအိမ်တွေကဖွင့်မြဲဖွင့် လာနေတဲ့သူတွေကလည်း လာမြဲပဲဗျာ…..
ဒီအိမ်တွေကို တာဝန်ရှိသူတွေအရေးမယူကြတော့ဘူးလား” ဟုမော်လမြိုင်မြို့ 
သီရိမင်္ဂလာရပ်နေပြည်သူတစ်ဦးမှ ဆက်သွယ်ပြောကြား
သွားခဲ့သည်။
မောင်လမြိုင်မြို
့သီရိမင်္ဂလာရပ်ကွက်၊ မြိုင်သာယာရပ်ကွက်များ၌
တရားမ၀င်ပြည့်တန်ဆာအိမ်များဖွင့်လှစ်ထားသည်မှာ ပိုမိုများပြားပြီး
ယင်းပြည့်တန်ဆာအိမ်များအား
အမှီပြုကာအရက်ဆိုင်များနှင့်စားသောက်ဆိုင်များဖွင့်လှစ်ရောင်းချနေသူများအပြင်
ပြည့်တန်ဆာပွဲစားများ၊ ဆိုင်ကယ်ကယ်ရီသမားများမှာလည်း
အဆိုပါပြည့်တန်ဆာအိမ်များအနီး၌ ရှိနေကြကြောင်းလေ့လာတွေ့ ရှိရသည်။
ပြည့်တန်ဆာအိမ်များ ထင်ပေါ်စွာဖွင့်လှစ်ထားသော သီရိမင်္ဂလာရပ်ကွက်မှ
ပြည်သူတစ်ဦးအားဆက်သွယ်မေးမြန်းဖြစ်ခဲ့ရာ “ဒီလိုမကောင်းတဲ့အိမ်တွေ
ရပ်ကွက်ထဲထင်ထင်ပေါ်ပေါ်ကြီးလာဖွင့်ထားတာရွာအရမ်းနာတယ်
ရပ်ကွက်ထဲကရိုးရိုးသားသားနဲ့ ဘ၀ကို ရုန်းကန်နေရတဲ့သမီးပျိုလေးတွေရော၊
ကျောင်းသူလေးတွေအတွက်ပါ ဒီအိမ်တွေရဲ့  အကျိုးဆက်က
အများကြီးသက်ရောက်မှုရှိတယ်။ ဒီရပ်ကွက်က မိန်းကလေးတွေဆိုသူတို့ ကိုယ်ကို
ဒီရပ်ကွက်ကပါလို့ မပြောရဲကြတော့ဘူး။ ဒါတွေကို နေပြည်တော်ကတာဝန်ရှိ
အကြီးအကဲတွေအနေနဲ့  အမြန်ဆုံးအရေးယူဖယ်ရှားပေးစေချင်ပါတယ်”ဟု
ပြောကြားသွားခဲ့သည်။