*** ကျေးဇူး ရှင် ဆရာ တော် ဦး ဇော တိ က ၏ ဆုံး မတရား တော်***
***ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့
အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။
အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ ထိုင်တွေးပြီင်္း
ပူနေတာတွေလည်း လျှော့သွားတယ်။
*** တစ်နေ့တာလုံး
တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှုရှိတဲ့၊ တည်ကြည်မှုရှိတဲ့၊
မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ
လွယ်လွယ်ကူကူနဲ့ သတိ၊ သမာဓိကို ရတယ်။
*** တရားအားထုတ်တယ်ဆိုတာ
တကယ်ကို ရာခိုင်နှုန်းပြည့်
ရိုးရိုးသားသား စိတ်ရောကိုယ်ပါ လုပ်မှပဲ
တကယ်ထိထိ ရောက်ရောက် တိုးတက်မှု ဖြစ်နိုင်တယ်။ ဒီလိုမလုပ်ရင်တော့
နဲနဲပါးပါး အပေါ်ယံ သတိ၊ သမာဓိလောက် ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့်
သတိ၊ သမာဓိလောက်ပဲ ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိ ဥာဏ်ပညာ
မရနိုင်ပါဘူး။
*** သိနေတာကို သိနိုင်တဲ့သတိ ဖြစ်လာတော့ သိနေတာကို သိနေတဲ့အချိန်မှာမှ “ ငါအခုမှ လူဖြစ်ပြီ ” လို့ ခံစားလိုက်ရတယ်။
*** ဥပေက္ခာဝေဒနာဟာ မသိရင် မောဟဖြစ်နေတဲ့အတွက်ကြောင့်
ငြိမ်းချမ်းတဲ့သဘောတော့ မရှိဘူး။ ဒါကြောင့် ဥပေက္ခာကို မသိရင်
ဒုက္ခနဲ့တူတယ်တဲ့။ ဥပေက္ခာကို သိရင် သုခနဲ့ တူတယ်တဲ့။
*** စိတ်ထဲမှာ
အားလုံး ဥပေက္ခာဖြစ်ပြီး ငြိမ်းချမ်းနေတဲ့အခါမှာ ပထမတော့
ငါငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ ငါပါနေတယ်နော်။ ဒီလိုနဲ့ဆက်ပြီးတော့
အားထုတ်သွား၊ အားထုတ်သွား၊ အားထုတ်သွား ကြာလာတဲ့အခါမှာ ငါမပါတော့ဘဲနဲ့
ငြိမ်းချမ်းတယ်ဆိုတာပဲ ရှိတော့တယ်။
***ဲငြိမ်းချမ်းမှုဟာ
အနတ္တဖြစ်သွားပြီနော်။ ငါ့ရဲ့ငြိမ်းချမ်းမှု မဟုတ်ဘူး၊ ငါပိုင်ဆိုင်တဲ့
ငြိမ်းချမ်းမှု မဟုတ်ဘူး။ ငြိမ်းချမ်းမှု ဆိုတာ သဘာဝတရားတစ်ခုဆိုတဲ့
သဘောမျိုး ဖြစ်သွားတယ်နော်။ အဲဒီလို ဥပေက္ခာဖြစ်နေတဲ့အခါမှာ ကိုယ့်ဟာကိုယ်
ငါတရားအားထုတ်နေရတယ်လို့တောင် မထင်တော့ဘူး။ သူ့အလိုလိုပဲ တရားအားထုတ်တာ
ဖြစ်သွားနေတာ။ အဲဒီလို အခါမှာ အနတ္တကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း
မြင်ရတယ်။ အဲဒီတော့ ငြိမ်းချမ်းမှုရဲ့ အနတ္တကို သိရတယ်။ အနတ္တ လက္ခဏာကို
သိရတယ်။