Searching...

ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်၊ ဇွန် ၁၁
လူမျိုးရေးအသွင်ဆောင်ကာ ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေကြသော ရခိုင်းတိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့်မှာ စားနပ်ရိက္ခာပြတ်တောက်နေကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါဒုက္ခသည်များမှာ ဘဂါလီများက မီးရှို့ဖျက်ဆီးခြင်းခံခဲ့သော စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်၊ ဝေသာလီရပ်ကွက်၊ ဓည၀တီရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊
 အနောက်စံပြရွာ၊ မင်းဂံရွာ၊ ဗျိုင်းဖြူရွာ၊ နာဇီရွာ စသည့်ရွာများမှ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရခိုင်တိုင်းရင်းသားဒုက္ခသည်များ
မှာ ရေနှင့် စားနပ်ရိက္ခာ များ လာရောက် လှူဒါန်းမည့်သူ မရှိသောကြောင့် ဒုက္ခရောက် လျက်ရှိကြောင်း သတင်းရရှိသည်။
 
အပေါ်သို့!