စောင့်ရှောက်ရေး အသင်း AAPP က သမ္မတ ဦးသိန်းစိန် အစိုးရကို
တောင်းဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် လထော်ဘရန်ရှောင်ကို ဗုံးခွဲမှုနဲ့သင်္ကာမကင်းဖြစ်ြ
"သူ့ကို မြစ်ကြီးနားမှာ ဗုံးဖောက်ခွဲတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ လမ်းပေါ်မှာ လက်ထိပ်နောက်ပြန်ခတ်ပြီး ကြိုးနဲ့ ဆွဲသွားတယ် ဆိုတဲ့ ကိစ္စက တော်တော့်ကို မင်းမဲ့စရိုက် နိုင်တယ်လို့ ပြောလို့ ရပါတယ်။ နောက်တခါ စစ်ကြော်ရေးကာလမှာလည်း မျက်နှာကို မီးနဲ့ ကပ်တယ်။
ပေါင်တွေကို ဓားတွေနဲ့ လှီးတယ်ဆိုတဲ့ ကိစ္စမျိုးပေါ့လေ။ အဲဒါကို သူ့ရဲ့ ရှေ့နေက တရားရုံးမှာ ဆေးကုသဖို့ ပြောတဲ့ အခါမှာ တရားရုံးက
ငြင်းဆိုလိုက်တယ်လို့ ကျနော်တို့ သိရတယ်။ ဒါဟာ တကယ့်ကို လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တို့ တွက်ဆပါတယ်။"
လထော်ဘရန်ရှောင် ကို ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့မှာ ရဲကဖမ်းလိုက်ပြီး စရဖထောက်လှမ်း ရေးအဖွဲ့ကို လွှဲပြောင်းပေးလိုက်တာ
လို့သိရပါတယ်။ သူ့ကို ဖေါက်ခွဲရေးပုဒ်မ (၃)၊ မတရားသင်း ဆက်သွယ်မှု
ပုဒ်မ ၁၇(၁) တို့နဲ့ တရားစွဲထားပါတယ်။ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ နောက်တကြိမ်ရုံးထုတ်စစ်ဆေးမ