ဓါတ်ပုံ Google Images
ရန်ကုန်၊ ဇွန် ၃၀
ပြီးခဲ့သည့် နှစ်လအတွင်း ပြည်သူ့လွှတ်တော်၏
ရေးရာကော်မတီ အသီးသီးသို့ ရောက်ရှိလာသော တိုင်ကြားစာ ထောင်ချီ ရှိနေကြောင်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့်
ပြည်သူလူထု တွေ့ဆုံပွဲထံမှ သိရသည်။
မည်သူမဆို တက်ရောက်နိုင်သည့်
ယင်းတွေ့ဆုံပွဲကို ရန်ကုန်မြို့တော် MICT Park ခန်းမဆောင်တွင် ယနေ့
ပြုလုပ်ခဲ့ပြီး နယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်နှင့် လူထု ၄၀၀
နီးပါး
တက်ရောက်ခဲ့သည်။
ဥပဒေရေးရာ အထူးကိစ္စရပ်များ ဆန်းစစ် လေ့လာရေး
ကော်မတီတွင် တိုင်ကြားစာ အများဆုံး အဖြစ် ၁၂၀၀ ကျော် ရှိနေပြီး
ကျန်ကော်မတီများတွင် တိုင်ကြားစာ ရာချီ ရှိနေကြောင်း ယင်းတွေ့ဆုံပွဲထံမှ
သိရသည်။
ပြည်သူ့လွှတ်တော်တွင် ရေးရာ ကော်မတီ ၂၃ ခု ရှိသည်။
မြင်အောင်
ကြည့်၊ ကြားအောင် နားထောင်၊ လွှတ်တော်မှာ တင်ပြ လုပ်ဆောင်ရန် လွှတ်တော်
ကိုယ်စားလှယ်များကို မှာကြားထားကြောင်း သူရဦးရွှေမန်းက ဆိုသည်။
“လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူတွေ များများ ခိုင်းပါ”ဟု ၎င်းက ဆိုသည်။
ယင်းတွေ့ဆုံပွဲတွင် စီးပွားရေး နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ အခက်အခဲများ တင်ပြခဲ့သည်။
စတုတ္ထမြောက်
လွှတ်တော် ပုံမှန် အစည်းအဝေးများကို လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် စတင်
ကျင်းပမည် ဖြစ်ပြီး လယ်ယာမြေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊
အဂတိလိုက်စားမှု တိုက်ဖျက်ရေး စသည့် ကိစ္စရပ်များ လွှမ်းမိုးဖွယ် ရှိနေသည်။