နိုင်ငံတကာက မကူညီဘူးဆိုရင် ငှက်ဖျား ရောဂါကြောင့် ကလေး
သေဆုံးမှု နှစ်စဉ် ၂ သိန်းလောက် ရှိလာလိမ့်မယ်လို့  MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့  မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ဟောင်း
Frank Smithuis က ပြောပါတယ်။
Frank Smithuis က “မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ငှက်ဖျားရောဂါ
ပြဿနာ အကြီးမားဆုံးဖြစ်ပါတယ်။ Artemisinin ငှက်ဖျားရောဂါကုဆေး
မတိုးတဲ့ငှက်ဖျားပိုးတွေ အိန္ဒိယ နဲ့ အာဖရိကကို ကူးစက်သွားမယ်ဆိုရင် ငှက်ဖျားရောဂါ ကြောင့် နှစ်စဉ် ကလေးသေဆုံးမှု ၂ သိန်းလောက် ရှိလာပါလိမ့်မယ်။ မြန်မာနိုင်ငံက ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အစိုးရ ရဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး
ထောက်ပံ့
ကူညီကြဖို့  နိုင်ငံတကာ က အလှုရှင်တွေကို တိုက်တွန်းလို ပါတယ်” လို့  ပြောပါတယ်။
မြန်မာအစိုးရသစ် ရဲ့ အသွင်ကူးပြောင်းရေး အခြေအနေ အပေါ် နိုင်ငံတကာ
က စောင့်ကြည့်နေချိန်မှာ ရောဂါ တိုက်ဖျက်ရေး ကူညီထောက်ပံ့မှုတွေ လိုအပ်နေကြောင်း Frank Smithuis က သတိပေးလိုက်တာဖြစ်ပါတယ်။
WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ ရဲ့  စာရင်းအရ မြန်မာနိုင်ငံ မှာ လူ သန်း ၄၀ ဟာ ငှက်ဖျားရောဂါ ဖြစ်များတဲ့  ဒေသတွေမှာ နေထိုင်ကြပြီး ၂၄ သန်းဟာ ကူးစက်မှု အများဆုံး ဒေသတွေမှာ နေထိုင်ကြတယ်လို့  ဆိုပါတယ် ။