လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းအဆိုများ တင်သွင်းရန် ရှိကြောင်း သိရ
လက်ရှိတက်ရောက်နေသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းနှင့်အဆိုများ တင်သွင်းရန်ရှိကြောင်း သိရှိရသည်။
လွှတ်တော်တက်ရောက်ခြင်းသည် အတိုက်အခံ ပြုလုပ်ရန်၊ ရန်ဖြစ်ရန်အတွက် မဟုတ်ဘဲ နိုင်ငံရေးပါတီ အင်အားစုများနှင့် ပူးပေါင်းကာ ဒီမိုကရေစီနိုင်ငံ ပီပြင်စွာဖြစ်ပေါ်လာရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးသို့ ဇူလိုင်လ ၉ရက်နေ့တွင် စတင်တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။
လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ်တင်မြှောက် ပေးရမယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။အမျိုးသားဒ
အားကစားတက္ကသိုလ် ဖွင့်လှစ်ရေး လွတ်တော် ဆွေးနွေးရန် သဘောတူ
အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်က မြန်မာနိုင်ငံတွင် အားကစားတက္ကသိုလ်တခု တည်ဆောက်ပေးရန် အဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အားကစား တက္ကသိုလ် တည်ဆောက်ပေးရန် အဆိုကို လာမည့် ၁၂ ရက်နေ့တွင် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြောင်း သိရသည်။
အမေရိကန် အဆင့်မြင့် အရာရှိ နှစ်ဦး မြန်မာနိုင်ငံ သွားမည
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ အဆင့်မြင့် အရာရှိ နှစ်ဦး မြန်မာနိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats နှင့် နိုင်ငံတကာ ကုန် သွယ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Francisco Sanchez တို့ နှစ်ဦး ဖြစ်ပြီး လာမည့် စနေ၊ တနင်္ဂနွေ ရက်များ တွင် သွားရောက်မည်ဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ သွားရောက်ခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် စီးပွားရေးမြှင့်တင်မှုအတွက်
HREIB ဒါရိုက်တာနှင့် မြန်မာ့ လူ့အခွင့်အရေးကော်မရှင်တို့
ပြည်ပအခြေစိုက် လူ့အခွင့်အရေး ပညာရေးဌာန မြန်မာနိုင်ငံ (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းသည် မြန်မာလူ့အခွင့်အရေး ကော်မရှင်၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်တွေ့ဆုံ
HREIB နှင့် အစိုးရ လူ့အခွင့်အရေး ကော်မရှင် တွေ့ဆုံဆွေးနွေးမည်
ပြည်ပအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ(HREIB)က အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော် မရှင်နှင့် လူ့အခွင့်အရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေ
ထိုင်း ၈ဝ အနက် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးသူများကို မြန်မာပြန်လွှတ်
ဇွန်လ ၄ ရက်နေ့က ကော့သောင်းခရိုင်အတွင်း ပိုင်နက်ကျူးကျော်မှု၊ လက်နက် ကိုင်ဆောင်မှု စသည်တို့ဖြင့် မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၈၀ ကျော်အနက် အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အို ၃၀ ကျော်ကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီး ၄၉ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း ဇွန်လ ၆ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်ခြားကော်မတီ၏ ဝင်ရောက် စေ့စပ်မှုဖြင့် ထိုနေ့တွင်ပင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သ
ထိုင်းကာကွယ်ရေး ဦးစီးချုပ်နှင့် ဦးသိန်းစိန် တွေ့ဆုံ
ထိုင်းနိုင်ငံ ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn သည် ယမန်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီး နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံသည်။ နှစ်နိုင်ငံ တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ခိုင်မာရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော် ပြသည်။ ထို့အပြင် ထိုင်း ကာကွယ်ရေး ဦးစီးချုပ်သည် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်း သီးခြားတွေ့ဆုံသေးသည်။
ဦးသိန်းစိန် ထိုင်းခရီးစဉ် ဇူလိုင် လကုန်ပိုင်း သွားရောက်ရန်ရှိ
သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ သွားရောက်မည့် ခရီးစဉ်ကို လာမည့် ဇူလိုင် ၂၂ ရက်တွင် စတင် ဖြစ်ကြောင်း သိရ သည်။ ယင်းခရီးစဉ်သည် ပြီးခဲ့သည့် မေလ ကုန်ပိုင်းက ဘန်ကောက်မြို့တွင် ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်(WEF) အခမ်း အနား တက်ရောက်ရန် အစီအစဉ်မှ ရွှေ့ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း၊ WEF အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောသည့် အစီအစဉ်ကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ချင်းမိုင်ရှိ မြန်မာဘုန်းကြီးကျောင်းကို ထိုင်းသိမ်းယူမည့် အရေး ကန့်ကွက်
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာဘုန်းတော်ကြီးများ အဆက်ဆက် ကျောင်းထိုင်ခဲ့သည့် ၀ပ် ဆိုင်မွန်း မြန်မာ ဘုန်းကြီး ကျောင်းကို ထိုင်းသံဃာတော် ကျောင်းထိုင် ထားရှိရန် ထိုင်း သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက စီစဉ်နေကြကြောင်းဝပ် ဆိုင်မွန်း ကျောင်း၌ ဆရာတော် ဦးဝရဓမ္မ သည် ပထမဆုံး ကျောင်းထိုင်၍ ဦးဂန္ဓမာလာ၊ ဦးဘောဂဓမ္မ၊ ဦးဇိန၊ ဦးသာဒရ၊ ဦးတေဇောသိရီ၊ ဦးအာစိဏ္ဏ၊ ဦးပညာသာရ၊ ဦးဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော ဦးအာသဘ အပါအ၀င် ကျောင်းထိုင် ဆရာတော် ၁၀ ဆက် သီတင်းသုံးခဲ့ကြကြောင်း ကျောင်း မှတ်တမ်း၌ ဖော်ပြထားကြောင်းဝပ်ဆိုင်မွ
ဗဟိန်းဂျာနယ် ပြန်လည်ထုတ်ဝေရန် ကြိုးပမ်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ - အထက်မြန်မာပြည်) မှ ၁၉၈၉ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေမှု ရပ်ဆိုင်းခဲ့သည့် ဗဟိန်းဂျာနယ်ကို 7 July နှစ် ၅၀ ပြည့် တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးပြန်လည် ထုတ်ဝေလိုက်ပြီး နှစ်ပတ်တကြိမ် ဆက်လက် ထုတ်ဝေသွားမည်ဟု ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုအောင်မှိုင်းဆန်းက ပြောကြောင်း
“၁၉၉ဝ ကာလ ဗကသ အထက်ဗမာပြည်က ထုတ်ဝေခဲ့တဲ့ နာမည်ကိုဘဲ အမွေဆက်ခံပြီး ပြန်ပြီးထုတ်တဲ့ သဘောပဲ။ အတတ်နိုင်ဆုံး ကဏ္ဍစုံအောင်ထည့်ထားတယ်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္တုတို၊ အက်ဆေး၊ အင်္ဂလိပ်စာ ကဏ္ဍ၊ ကာတွန်းတွေပါမယ်။ ဒီဘက်ခေတ်မှာတော့ 7 July အမှတ်တရနဲ့ ပြန်လည် ထုတ်ဝေတာပါ။" ဗကသ အထက်ဗမာပြည် အဖွဲ့ဝင် တဦးလည်းဖြစ်သူ ကိုအောင်မှိုင်းဆန်းကပြောကြေ
ဂျာနယ်အတွင်း လက်ရှိကျောင်းတက်နေသည့် ကျောင်းသားများအတွက် အဓိကရည်ရွယ်ကာ ကျောင်းသားထု အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အဓိကထား ရေးသားသွားမည်ဟုလည်း ကိုအောင်မှိုင်းဆန်းကပြောကြေ
ဗမာ့ကျောင်းသား သမဂ္ဂ (အထက်မြန်မာပြည်) အနေဖြင့် ဗဟိန်းဂျာနယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်မှ ထုတ်ဝေသည် ဟူသည့်စာတန်း ဖေါ်ပြခွင့်ပြုရန်လိုလားနေပြ
ဗဟိန်းဂျာနယ်သည် ၁၉၈၉ ခုနှစ် ဇွန်လအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်မြန်မာပြည်) မှ စတင်ထုတ်ဝေခဲ့သည့် အပတ်စဉ်ထုတ် ဂျာနယ်တခုဖြစ်ပြီး ၁၉၉၁ ခုနှစ်ဇန်နဝါရီလ ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ရသည်
ဒု သမ္မတသစ် နေရာ ဦးမြင့်ဆွေကို ရွေးချယ်
လစ်လပ်သွားသော ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နေရာအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ် စားလှယ်များက ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင် ၁ ရက်မှ စ၍ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြောင်း၊ သမ္မတ ရုံးမှ ဇူလိုင် ၂ ရက်တွင် ပြည်ထောင်စု လွှတ်တော် နာယက ထံ အကြောင်းကြားခဲ့ သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၇ ရက် အတွင်း အစားထိုး ခန့်အပ်ရန် ရွေးချယ်ရမည်ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန် ကြေညာသည်။ ထို့ကြောင့် ဒု သမ္မတ သစ် ၏ အမည်စာရင်းကို ဇူလိုင် ၁၀ ရက်နောက်ဆုံးထား တင်သွင်း ရမည် ဖြစ် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ညွှန်ကြားထားသည်။
မန္တလေး၌ အိမ်အကူ မိန်းကလေးငယ်တဦး နှိပ်စက်ခံရ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ် တဦးကို အိမ်ရှင်က ညှဉ်းပန်း နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
မတင်နီလာအေးဆိုသူ အိမ်အကူ မိန်းကလေးကို အိမ်ရှင် ဒေါ်ခင်နီလာဝင်းက မီးပူဖြင့်ကပ်ခြင်း အပါအ၀င် ရိုက်နှက် ညှဉ်းပန်း နှိပ် စက်မှုများကြောင့် မတင်နီလာအေးက ဇူလိုင်လ ၅ ရက်နေ့တွင် နေအိမ်မှ ထွက်ပြေးပြီး ပတ်ဝန်းကျင်၏ အကူအညီဖြင့် မဟာအောင်မြေ မြို့နယ် အမှတ် ၇ ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
သုံးခွ လယ်ဧက ထောင်ချီ ရေမြုပ်
ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရွာပေါင်း ၄၀ ကျော်မှ လယ်မြေဧက ထောင်နှင့်ချီ ရေ နစ်မြုပ် ပျက်စီးနေပြီး အသစ် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ကြုံနေကြောင်း လွန်ခဲ့သည့် နှစ်ပတ်ခန့်မှစတင်ပြီး မိုးဆက်တိုက်ရွာသွန်းမှုကြော
လူ့ အခွင့်အရေး မူဝါဒနဲ့ လျော်ညီတဲ့ ဥပဒေသစ်တရပ် ပြဋ္ဌာန်းဖို့ တောင်းဆို
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့ ပတ်သက်လို့ လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ လည်းကောင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ လူ့အခွင့်အရေး အဖွဲ့အစည်း ၃၁ ဖွဲ့ က ဒီကနေ့ နေ့ စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ယူကေနိုင်ငံ အခြေစိုက် Burma Campaign UK ၊ အမေရိကန်နိုင်ငံ အခြေစိုက် US Campaign for Burma စတဲ့ အဖွဲ့အစည်းတွေ ပါဝင်တဲ့ ဒီလူ့အခွင့်အရေးအဖွဲ့တွေရဲ့
ဒီဥပဒေဟာ လူပေါင်းများစွာရဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကိုလည်း တရားဥပဒေမဲ့ ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။ Burma Campaign UK အဖွဲ့ကြီး ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က- "ဒါကြောင့် မိမိတို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ရုပ်သိမ်းပြီး လူ့ အခွင့်အရေး မူဝါဒတွေနဲ့ လျော်ညီတဲ့ ဥပဒေသစ်တရပ် ပြဋ္ဌာန်းဖို့ တောင်းဆိုနေတာပါ"လို့ ပြောဆိုသွားပါတယ်။
ဒီကြေညာချက်မှာ ဥပဒေသစ်မှာ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ညီလာခံ သဘောတူညီချက် အပိုဒ် သုံးမှာ ဖော်ပြပါရှိတဲ့အတိုင်း မွေးမွေးချင်း နိုင်ငံသားတခုခု ဖြစ်ပိုင်ခွင့်နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၅ ပါ လူတိုင်းဟာ နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ လျော်ညီစေဖို့ လည်း လူ့ အခွင့်အရေး အဖွဲ့အစည်း ၃၁ ဖွဲ့ရဲ့ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တယ်ဆိုရင် ပြဿနာတွေကို အကြမ်းမဖက်ဘဲ နိုင်ငံရေးအရ ဖြေရှင်းဖို့၊ အကြမ်းဖက်တာဟာ အာဏာရှင်တွေရဲ့လုပ်ရပ်သာ ဖြစ်ကြောင်း Burma Campaign UK အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်တွင် ဝန်ထမ်းများ ဆက်လက် အမှုမထမ်းလိုကြ
ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဍိပက္ခများကြောင့် ဘူးသီးတောင်- မောင်တောဒေသမှ နိုင်ငံ့ဝန်ထမ်းများသည် ထိုဒေသတွင် ပြန်လည် တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့ကြောင်း စုံစမ်းသိရသည်။ရခိုင်ပြည်နယ
လမ်းပြန်ပြင်ပေးဖို့ ကျောင်းသားလူငယ် ၁၀၀ ကျော် ဆန္ဒပြ
လိပ်ခမှော်ကျေးရွာအုပ်စုက ဂုံးချိန်ကျေးရွာ အ.ထ.က ကျောင်းကို သွားတဲ့ (၃) မိုင်လောက်ရှည်တဲ့ လမ်းကို ရွှေသဘာဝ ဓာတ်ငွေ့စက်ရုံ တည်ဆောက်ရေးအတွက် ကိုရီးယားနိုင်ငံက Daewooကုမ္ပဏီ၊ Hyundai ကုမ္ပဏီနဲ့ အိန္ဒိယပိုင် Tanjiliong ကုမ္ပဏီတို့က စက်ယန္တယားတွေ၊ ကားတွေ မောင်းနှင် အသုံးပြုနေတာကြောင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမှော် ကျေးရွာအုပ်စုမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လမ်းကို ပြန်လည် ပြုပြင်ပေးဖို့အတွက် ကျောင်းသားလူငယ် ၁၀၀ ကျော် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ
ဇေကမ္ဘာကုမ္ပဏီရဲ့ မြေယာသိမ်းယူခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက ရွာသူ ရွာသား (၅၀) ကျော်ဟာ မနေ့က နေ့လည်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရု
အဲဒီအမိန့်အပေါ် ကျေနပ်မှုမရှိရင် ရက် (၃၀) အတွင်း မြို့နယ်အိုးအိမ်ဦးစီးဌာနထ
သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လက်ရှိပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးပေးရေး တကယ်လို့ နစ်နစ်ကြေး မပေးဘူးဆိုရင် သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့နဲ့ ဇေကမ္ဘာ ကုမ္ပဏီထံက လက်ခံရယူထားတဲ့ ကရုဏာကြေး (၃) သိန်းကိုလည်း ပြန်အမ်းဖို့ တောင်သူတွေဘက်က ကမ်းလှမ်း တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
ရွှေပြည်သာမှာ ဆန္ဒပြ
ရွှေပြည်သာ စက်မှုဇုန် (၁) မှာရှိတဲ့ တရုတ်လူမျိုးပိုင် good family အထည်ချုပ်စက်ရုံမှာ မနေ့က မနက်ပိုင်းက အလုပ်သမား (၂၀၀) ခန့် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။ စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး လက်ရှိအချိန်၌ ဗဟိုဘဏ်တွင် နိုင်ငံခြားငွေကန်ဒေါ်လာ ၇ဘီလျံထိ ရှိနေ
လက်ရှိအချိန်ကာလ၌ ဗဟိုဘဏ်၏ နိုင်ငံခြား ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ဘီလျံထိရှိနေပြီး မကြာမီကာလအတွင်း ဗဟိုဘဏ်တွင် ရှိနေသော ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ဇူလိုင်လ ၅ရက် နေ့ Chatrium Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါ အတိုင်းပြောကြားခဲ့သည်။
လက်ရှိအချိန်၌ ဗဟိုဘဏ်၏ နိုင်ငံခြားငွေစာရင်းတွင် အမေရိကန် ဒေါ်လာ ၇ဘီလျံရှိနေကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ငွေဈေးနှုန်း မတည်ငြိမ်မှုများကိုလည်း ဗဟိုဘဏ်မှ ၀င်ရောက် ထိန်းသင့်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုမှုပေါင်း ၈၅၁ မှုဖြစ်ပွားခဲ့၊ ၂၀၁၂ခုနှစ်မေလမှ ဇွန်လကုန်ထိ စက်ရုံ ၉၀ တွင် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီ
၂၀၁၁ခုနှစ်အတွင်းတွင် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုမှုပေါင်း ၈၅၁ မှုဖြစ်ပွားခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၀န်ထမ်းများ ပူးပေါင်း၍ ဖြေရှင်းနိုင်ခဲ့ကြောင်း အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။
“အလုပ်သမားများရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရန် အလုပ်သမား အချင်းချင်းကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ကိစ္စတွေကိုလုပ်ငန်းခွင်မပျက
၂၀၁၂ခုနှစ်မေလ ၁ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိအ ငြင်းပွားမှု ဖြစ်ပွားခဲ့သည့်စက်ရုံ ၉၀ တွင် အလုပ်သမားဦးရေ ၅၃၃၉၃ ဦးရှိခဲ့ပြီး ညှိနှိုင်းပြေလည်ခဲ့ကာ ဇွန်လ ဒုတိယအပတ်မှစ၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအပြင်၊ Civil Society လူမှုအဖွဲ့အစည်းများ ပါ ပါဝင်လာကာ အလုပ်သမား ပြသနာများကို ပူးပေါင်းဖြေရှင်းလာကြောင်း
ပြည်ထောင်စုဝန်ကြီးဦး အောင်ကြည်က ဒေါက်တာမြင့်ကြည်မေးမြန်းသည
ထို့အပြင်အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်များကို မှန်မှန် နှင့် အပြည့်အ၀ရရှိရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ပေးရမည် ဖြစ်ပြီး၊ အလုပ်သမားများကလည်း ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်