၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့၌ အိန္ဒိယပြည် အနောက်ပိုင်း
ကားတိအာဝါးကျွန်းဆွယ် ပေါ်ဗန်ဒါမြို့တွင် ဖွားမြင်သော ဓန္ဒီသည် ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဒေလီမြို့ရှိ သူ၏ ဗီယာလာနေအိမ်၌ ဘုရားဝတ်ပြုရန် အလာ ဟိန္ဒူ လူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူက ခြောက်လုံးပူးနှင့် သုံးချက်ပစ်ခတ် လုပ်ကြံခြင်းခံရပြီး နောက်ထပ် နာရီဝက်အကြာတွင် ကွယ်လွန်ခဲ့သည်။
ယခုတိုင် သူ့၏ ငြိမ်းချမ်းရေးဆိုင်ရာ စွမ်းဆောင်ချက်များ သတင်း မွှေးနေသေးသလို ယခုတိုင်လည်း သူကြောင့် အိန္ဒိယနိုင်ငံကြီး ညစ်ပတ်နေသည်ဟု ဆိုလာလျှင် လူကြီးမင်း အံ့သြမည်ထင်ပါ၏...
နယ်ချဲ့အင်္ဂလိပ်ကို ငြိမ်းချမ်းစွာဖြင့် ဆန်ကျင့်ဆန္ဒပြပြီး
လွတ်လပ်ရေးရယူခဲ့သည့် သူ၏ နည်းများထဲတွင် အင်္ဂလိပ်များ စိတ်ညစ်ပြီး ထွက်ပြေးချင်စိတ်ပေါက်လာအော
အင်္ဂလိပ်လူမျိုးများမှာ မိမိကိုကိုယ်မိမိ နိုင်ငံကြီးသားများဟု ခံယူထားသူများပီပီ အသန့်အပြန့် အလွန်ကြိုက်သူများ ဖြစ်သည်ကို ဂန္ဒီက သိထားသည်။
ထို့ကြောင့်လည်း လူထု မိန့်ခွန်းများအတွင်း၌ ပြည်သူများအပေါ် သူက "ဒီနိုင်ငံဟာ ငါတို့နိုင်ငံဖြစ်တယ်။ ငါတို့မြေပေါ်မှာ ငါတို့ စိတ်ကြိုက်ပြုမူနိုင်တယ်။ ဒီတော့ လွတ်လပ်စွာ ကျင်ကြီးကျယ်ငယ် စွန့်ပိုင်ခွင့်ရှိတယ်။ ရုံး၊လမ်း၊ အင်္ဂလိပ်အိမ်တွေနားမှာ များများသာ စွန့်ပစ်ပြီး တိုက်ပွဲဝင်ကြ" ဟူသော နည်းတစ်နည်းဖြင့်လည်း လှုံ့ဆော် တိုက်ပွဲဝင်ခဲ့သည်။
ဂန္ဒီနည်းကြောင့် အင်္ဂလိပ်များ အတော်စိတ်ညစ်ခဲ့ရသည်။ နေရာတကာ မစင်ပုံများ မြင်တွေ့ခဲ့ရတော့သည်။ ထို့နောက် အခြားနည်းလမ်းပေါင်းစုံဖြင်
သူ့၏ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်သော နည်းလမ်းပေါင်းစုံအရ အင်္ဂလိပ်အစိုးရအနေဖြင့် မခံနိုင်တော့ဘဲ အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သည်။
သို့သော်....အခုတိုင် လမ်းဘေး၌ ကျင်ကြီး ကျင်ငယ် စွန့်သော ပြည်သူတို့၏ အလေ့အထမှာမူ မပျောက်ကွယ်ဘဲ ရှိနေခဲ့သည်။..