သမား၁၉ဦး
တို့ ထံမှ ကျသင့်ငွေများ ဖြတ်တောက်ပြီးသော်လည်း မိမိတို့ပိုင်ဆိုင်ခွင့်
ရှိသော ယာယီနိုင်ငံကူး လက်မှတ်အား မရရှိဖြစ်နေကြောင်း
အလုပ်သမားများပြောပြချက်အရသိရှိရသည်။
အဆိုပါအလုပ်သမားများမှာ
ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တွင်အခြေစိုက်သော ဟိန်းသူထက်၊
ကုမ္ပဏီနှင့် ရန်ကုန်အခြေစိုက်ထွန်းရတနာထွန်း ကုမ္ပဏီတို့ မှတဆင့်
ထိုင်းနိုင်ငံဖူကတ်အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီ Phuket Built Co.Ltd
တွင် (၆) လကျော်ကြာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်သည်။ ၎င်းတို့
အနေဖြင့် မြန်မာနိုင်ငံတွင်း မှ ထိုင်းနိုင်ငံနယ်စပ်ကော့သောင်းမြို့အထိ
အနည်းဆုံး ကျပ်ငွေ သုံးသိန်းခွဲမှ ငါးသိန်းအထိ
ပေးချေခဲ့ကြရသူများဖြစ်ကြသည်။
အလုပ်သမား
ကိုကျော်ကျော်မင်း က “ကျနော်တို့ ဆီက
အခုဆိုရင် တစ်ယောက်ကို ဘတ်ငွေ ၁၆၇၅၀
စီ ဖြတ်ထားပြီးဖြစ်တယ်။ စာချုပ်ထဲမှာက တစ်လကို ဘတ်ငွေ (၁၀၀၀) ထက်ပြို့ပီး
မဖြတ်ဘူးဆိုပေမဲ့ အနဲ့ဆုံး တစ်လကို (ဘတ်ငွေ ၃၀၀၀) ဖြစ်တယ်။ ပြီးခဲ့တဲ့လက
ကျနော်တို့ ကို (ဘတ်ငွေ ၄၂၅၀) ဆီဖြတ်တယ်။ ကျနော်တို့ ယာယီနိုင်ငံကူး
လက်မှတ် တွေပေးဖို့ တောင်းတော့ မပေးဘူးလို့ပြောတယ်၊ မင်းတို့
သွားချင်တဲ့နေရာသွားလို့ ပြောတယ်။ ကျနော်တို့ ကော့သောင်းမှာတုန်းက
ချုပ်ထားတဲ့ သဘောတူညီချက်နဲ့ အခု သူတို့ လုပ်နေတာနဲ့က တစ်ခြားဆီဖြစ်နေတယ်။
ပြန်မယ်ဆိုရင်လည်း အေးအေးချမ်းချမ်းပြန်ချင်တယ်။ ကျနော်တို့ ပတ်စပို့
စာအုပ်ကိုလွတ်လွတ်လပ်လပ် ကိုင်ချင်းတယ်။ အခြားနေရာမှာ
အလုပ်လုပ်ခွင့်ရချင်တယ်”ဟုပြောသည်။
FED
ဒါရိုက်တာ ဦးထူးချစ် က “ အဲဒီနေ့ က ရုံးပိတ်ရက်ဆို တော့ MOU
နဲ့မြန်မာနိုင်ငံကလာတဲ့အလုပ်သမား (၁၃) ယောက် (၀၇၊၀၆၊၂၀၁၂) ရက်နေ့ က
ကျနော့်အိမ်ရောက်လာပြီး သူတို့ ရဲ့အလုပ်သမားအခွင့်အရေး
ချိုးဖေါက်ခံနေရတာတွေကိုပြောတယ်။ MOU ချုပ်ဆိုထားတာတွေက အလုပ်သမားတွေအတွက်
အခွင့်အရေးတစ်ခု မှမပါဘူး။ ကန့်သတ်ချက်တွေ အလွန်များတယ်။
အလုပ်ရှင်ကောင်းရင် အလုပ်သမားတွေ အလုပ်ပြောင်း မှာမဟုတ်ဘူး။
စာချုပ်ပါစည်းကမ်းချက်တွေအတိုင်း ဒီဘက်က ကုမ္ပဏီတွေ တစ်ခုမှ မလိုက်နာဘူး။
ဥပမာတစ်လကို ဘတ်တစ်ထောင်စီပဲဖြတ်ရမယ်ဆိုပေမယ့် နှစ်ထောင်သုံးထောင်ဖြတ်တယ်။
နောက်ပြီးတော့ ဘာမှန်းမသိရတဲ့ဖြတ်ငွေတွေလဲ အလုပ်သမားတွေအနေနဲ့
အဖြတ်ခံနေရတယ်။ အလုပ်သမားတွေမလုပ်ချင်တော့ရင် ပြန်ပို့မယ်ဆိုတဲ့ စာချုပ်ပါ
စည်းကမ်းချက်အတိုင်းတော့ ထိုင်းတွေဘက်ကလုပ်တယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီ
MOU ကိစ္စတွေ ကို ပြန်စီစစ်သင့် တယ်လို့ ထင်တယ်။ ပြီးတော့
စာချု့ပ်ပါစည်းကမ်းချက်တွေကို မလိုက်နာတဲ့ မြန်မာ ကုမ္ပဏီတွေ ကိုလဲ ဥပဒေအရ
ထိထိရောက်ရောက်အရေးယူသင့် တယ်၊ ” ဟုပြောသည်။
ဇွန်လ
၁၆ ရက်နေ့က Thai Food ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့ ကန်ချနဘူရီသို့
ဝင်ရောက်လာခဲ့သည့် အလုပ်သမား တစ်ရာကျော်အနက် အလုပ်သမား လေးဆယ်ကျော်မှာ
အလုပ်အကိုင်မရှိသဖြင့် အလုပ်သမား ၄၀ခန့် အခန်းထဲတွင် ၂ပတ် ကျော်ကြာ
နေထိုင်နေရဆဲဖြစ်ကြောင်း အလုပ်သမားများပြောသည်။
ထိုအလုပ်သမားထဲမှာ အလုပ်သမား ၈ ယောက် မှာ ဆက်လက်မစောင့်ဆိုင်းနိုင်တော့သဖြင့် ယမန်နေ့က ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ကြသည်။
ထိုအလုပ်သမားများအား မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့်ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ BAT တို့ ညှိနှိုင်းပေးမှုဖြင့် မူလ ကုမ္ပဏီ ကိုယ်စားလှယ်က လာရောက် ခေါ်ဆောင်သွားခဲ့သည်။
ယမန်နေ့က Human Resource International(HRI) MOU ဖြင့် တင်သွင်းပြီး ဖူးခက်မြို့ရှိ DCM ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများအား Work Permit မရှိဟု ဆိုကာထိုင်းပုလိပ်များ ၀င်ရောက် ဖမ်းဆီးသဖြင့် အလုပ်သမား ၂၀ ဦးတို့အား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
မြန်မာအလုပ်သမားများ၏ ကျန်နေခဲ့သည့် လုပ်အားခများ နှင့် MOU လုပ်စဉ်က ကုန်ဆုံးထားခဲ့သည့်ငွေကြေးများမှာ ဆုံးခံကြရသည်။
MOU ဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည့်အလုပ်သမားများအနေဖြင့် မိမိထွက်ခွာလာသည့် ကုမ္ပဏီ အားစာချုပ်ပါ
အတိုင်း လုပ်ကိုင်ဆောင်ရွက် ပေးပြီးနောက် မိမိဆန္ဒအလျှောက် နေရပ်ရင်းသို့
မပြန်လိုသေးပါက အခြား အလုပ်တစ်ခုခုသို့ လွယ်လင့်တကူ တရားဝင်
ပြောင်းလဲခွင့်ပြုသင့်ကြောင်း FED နှင့် BAT တို့က ထောက်ပြပြောဆိုနေကြသည်။