ဆေးဝါးနဲ့ စားသောက်ကုန် လုပ်ငန်း စက်ရုံ ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ကျေးရွာ (၆) ရွာက တောင်သူ(၂၀၀) လောက်စုဝေးပြီး
ကြွေးကြော်သံတွေနဲ့အတူ ဟစ်အော် ဆန္ဒပြခဲ့ကြပါတယ်။
လွန်ခဲ့တဲ့၁၅နှစ်လောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာနရဲ့ အဓမ္မ
သိမ်းယူခံခဲ့ရတဲ့ လယ်ယာမြေတွေကို ပြန်ရလိုကြတဲ့ အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြတောင်သူတစ်ဦးက RFA ကို ပြောပါတယ်။
စစ်ကိုင်းမြို့နယ် ချောင်းပေါက်ကျေးရွာ အုပ်စုက
မြေတိုင်၊ကြက်ထောင့်၊
လက်ပံ၊ခိုတောင်၊ ပေါက်တော စတဲ့ ကျေးရွာ ၆ ရွာက ယာသမားတွေ ပိုင်ဆိုင်တဲ့မြေဧက၄၀၀ကျော်
တောင်သူတွေက ပြောပါတယ်။
ဒီဆန္ဒပြပွဲကိုမနက်(၉) နာရီကနေ နေ့လည် (၁) နာရီအထိ လေးနာရီကြာ
တရားဝင်ပြုလုပ်ခွင့်ရခဲ့တာမ
ဆန္ဒပြပွဲကိုရဲတပ်ဖွဲ့နဲ့ SB ထောက်လှမ်းရေးတွေ က အနီးကပ်စောင့်ကြည့် လုံခြုံရေးယူတာကလွဲလို့ တစုံတရာ အနှောက်အယှက်ပြုတာ မရှိခဲ့ပါဘူး။