Searching...

ဗြိတိသျှ တော်ဝင်ရေတပ်မှ စစ်သင်္ဘော တစ်စင်း


ဗြိတိသျှ တော်ဝင်ရေတပ်မှ စစ်သင်္ဘော တစ်စင်းသည် ဝေးလံသီခေါင်လှသည့် ကျွန်းလေးတစ်ခုပေါ်မှ အရေးပေါ် အကူအညီ တောင်းခံမှုကြောင့် မိုင်(၂၀၀၀)ခရီးကို အလျင်စလို ခုတ်မောင်းခဲ့ရကြောင်း သိရသည်။

ထရစ္စတန်ဒါကွန်ဟာ ကျွန်းလေးသည် လူဦးရေ (၂၇၀)မျှသာရှိပြီး ၎င်းတို့အားကိုးအားထား ပြုနေရသည့် ဆေးဝန်ထမ်းမှာလည်း နာမကျန်း ဖြစ်နေသည်။ ထို့အပြင် ကျွန်းပေါ်တွင် ရှိနေသူ အားလုံး၏ ထက်ဝက်မျှသည် ချောင်းဆိုးပန်းနာ ဝေဒနာ စွဲကပ်နေသဖြင့် ဆေးဘက်ဆ
ိုင်ရာ အကူအညီပေးရန် ပန်ကြားခဲ့ရာ HMS Dauntless သင်္ဘောက ယခုလို ခရီးပြင်း နှင်ခဲ့ခြင်း ဖြစ်သည်။ တောင်အာဖရိကမှ ထွက်ခွာသွားသော သင်္ဘောသည် မုန်တိုင်းထန်နေသော ပင်လယ်ကို ခရီးပြင်း ဖြတ်ကျော်ပြီးနောက် ကျွန်းအနီး အရောက်တွင် သင်္ဘောပေါ်မှ ဆေးတပ်ကြပ် လော်ရာစပီရာကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ သူမသည် နှလုံးဖောက်ပြန်မှု ဝေဒနာ ခံစားနေရသည့် ဆေးဝန်ထမ်းကို ရဟတ်ယာဉ်ပေါ် ပြန်တင်ပေးလိုက်ပြီးနောက် ကယ်ဆယ်ရေး Missionကို စတင်ခဲ့ကြောင်း သိရသည်။ ဗြိတိန်ပိုင်ဖြစ်သော ထရစ္စတန်ဒါကွန်ဟာ ကျွန်းလေးသည် အာဖရိက အနောက်ဘက် ကမ်းလွန်တွင် တည်ရှိပြီး သီခေါင်လွန်းလှသဖြင့် ကျွန်းပေါ်တွင် ပထမဆုံး ရုပ်မြင်သံကြား အစီအစဉ်ကို (၂၀၀၁)ခုနှစ်မှ ထုတ်လွှင့်နိုင်ခဲ့သည်။
 
အပေါ်သို့!