Searching...

ပည်တွင်း ဓာတ်ဆီဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက် ရန်နိုင် (မြစ်မခ)


by Myit Makha Mediagroup on 31 Aug, 2012

ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာမှုနှင့် အတူ ပြည်တွင်း ဓာတ်ဆီဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံက သိရှိရသည်။


“ဓါတ်ဆီတစ်ပေပါကိုငါးသောင်းကျော်တက်သွားတာနည်းတာမှမဟုတ်တာပဲ။ ဒီလိုဈေးတက်သွားတာကလည်း တစ်နိုင်ငံထဲမှမဟုတ်တာ ကမ္ဘာ့ဈေးကွက်မှာကိုက တက်သွားတာ။ ဒီကိစ္စတွေက ကမ္ဘာ့စီးပွားရေအခြေအနေပေါ်မှာလည်း မူတည်နေတာကိုး”ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ခုမှ အရောင်းတာဝန်ခံ ကိုစိုးသူက ၎င်း၏အမြင်ကို ပြောသည်။

ဇူလိုင်လမှစတင်၍ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များတွင် ဓါတ်ဆီတစ်ဂါလံလျှင် (၃၅၅၀) ကျပ်ရောင်းချခဲ့ရာမှ (၃၆၅၀) ကျပ်သို့ဈေးနူန်းတဖြည်ဖြည်းမြင့်တက်လာခဲ့ပြီး လက်ရှိ သြဂုတ်လကုန်ပိုင်း၌ ဓါတ်ဆီတစ်ဂါလံလျှင် ကျပ် (၃၉၀၀)၀န်းကျင် သို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ဆီဈေးတက်လာတော့ ကျွန်တော်တို့လို (CNG) မဟုတ်တဲ့ တက္ကစီတွေအတွက် ဝင်ငွေနည်းသွားတယ်။ တစ်နေ့ကို ဆီဖိုးက တစ်သောင်းလောက်ထည့်ရ အုံနာခကလည်းပေးရတယ်။ ကားခနည်းနည်း ပိုတောင်း ရင်လည်း ခရီးသည်တွေက မလိုက်ချင်ကြဘူး”ဟု တောင်ဥက္ကလာပမြို့နယ်အတွင်းမှ အငှားယာဉ်ပြေးဆွဲနေသူ ဦးစိုးမြင့်က ပြောသည်။

စက်သုံးဆီ အရောင်းဆိုင်များအား ခွဲတမ်းလျော့ချပေးခြင်းကြောင့် လာမည့်လများတွင်လည်း စက်သုံးဆီဈေးနူန်းမြင့်တက်လာနိုင်ပြီး စက်သုံးဆီဖြင့် ဆက်စပ်လုပ်ငန်းများတွင် ထိခိုင်နစ်နာမူများရှိလာနိုင်ကြောင်း ၄င်းက ခန့်မှန်းပြောဆိုသည်။

ဇွန်လတွင်း ဓါတ်ဆီတစ်ပေပါလျှင် (၁၈၀,၀၀၀) ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး သြဂုတ်လနောက်ဆုံးပတ်တွင် ဓါတ်ဆီတစ်ပေပါလျှင် (၂၃၀,၀၀၀) ကျပ် ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လဆန်းပိုင်းမှစတင်ကာ စက်သုံးဆီအရောင်းဆိုင်များတွင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း သိရှိရသည်။
 
အပေါ်သို့!