Searching...

မိုးမခ

နိုင်ငံတကာရဲ့ သတင်းစာမျက်နှာမှာ ဘင်္ဂါလီ (အလိုကျမီဒီယာတွေအခေါ်ရိုဟင်ဂျာ) သတင်းတွေ ဖေါ်ပြနေချိန် မီဒီယာကြီးဖြစ်တဲ့ VOA မြန်မာပိုင်း နေ့စဉ်တီဗီသတင်းလွှာမှ အာရပ်ဘာသာနဲ့ အစီအစဉ်လွှင့်ထုတ်။
မိုးမခ
ဗီအိုအေမြန်မာပိုင်း ရုပ်သံတွင် အာရပ်အစီအစဉ် မှားယွင်းထုတ်လွှင့်
စာဖတ်သူတဦး၊ မီချီကန်၊ သြဂုတ် ၁၀၊ ၂၀၁၂

အမေရိကန်အချိန် သြဂုတ် ၉၊ ညနေခင်းက ဗီအိုအေမြန်မာစာမျက်နှာက နေ့စဉ်တီဗီသတင်းလွှာအစီအစဉ်မှာ အာရပ်ဘာသာနဲ့ အစီအစဉ်တခုကို ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ အာရပ်အစီအစဉ်မှာ အစ္စလာန် ဘာသာရေးခေါင်းဆောင်များရဲ့ ဟောပြောချက်တွေကို အာရပ်စကား၊ အာရပ်စာတန်းထိုးနေတာကြောင့် ဗီအိုအေအစီအစဉ်က မြန်မာဘာသာနဲ့ ထုတ်လွှင့်ရမယ့်အစား တခုခု နည်းပညာမှားယွင်းနေသလားလို့ တွေးမိပါတယ်။ စကရင်ကို ဖမ်းပြီး တင်ပေးလိုက်ပါတယ်။ ယခု စာရေးနေချိန်မှာတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ကို ပြန်လည် ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။
 
အပေါ်သို့!