၁၉၉၂
ခုနှစ်က ပါဂျောင်ဒေသ၌ ဖြစ်ခဲ့သော ABSDF (မြောက်ပိုင်း) စခန်းတွင်
ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ ABSDF အဖွဲ့ ဗဟို၏ ဥက္ကဋ္ဌဟောင်း၊
လက်ရှိ အင်န်ဂျီအိုတစ်ခုဖြစ်သော FDB ၏ အထွေထွေအတွင်းရေးမှူး
ဒေါက်တာနိုင်အောင်က ယနေ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
မြောက်ပိုင်းလူသတ်မှုများနှင့် ပတ်သက်၍ တာဝန်ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို အောက်ပါအတိုင်း ပြောကြားခဲ့သည်။
"အဲဒီအချိန်တုန်းက ကျွန်တော်က တောင
"အဲဒီအချိန်တုန်းက ကျွန်တော်က တောင
်ပိုင်းမှာ
ရှိနေတာ။ အဲဒီကိစ္စတွေဖြစ်ပြီးတော့မှ ကျွန်တော်က သိရတာဆိုတော့
ကျွန်တော်တို့ ဗဟိုက အဲဒီကိစ္စတွေကို သူတို့ မြောက်ပိုင်းကနေ
ဆုံးဖြတ်ပြီးတော့မှ ကျွန်တော်တို့က သိရတဲ့ကိစ္စ၊ နောက် အဲဒီအချိန်တုန်းကလည်း
ကျွန်တော်တို့ စခန်းတွေက သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့သူ
ရှိတာပေါ့လေ။ ဆိုတော့ သူတို့ဆုံးဖြတ်ပြီးမှ ကျွန်တော်တို့ သိရတဲ့ကိစ္စ၊
ကျွန်တော်သိရတဲ့အချိန်မှာ ကျန်တဲ့သူတွေ ဆက်မသတ်ဖို့နဲ့ ပြန်ပြီးတော့မှ
သူတို့ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ သွားပြီးကြိုးစားပေးပါတယ်"ဟု ပြောကြားသည်။