Searching...

မုံရွာမြို့မှ တိပိဋကဓရ အောင်လတ်မှတ်တော်ရ ဆရာတော်အား ဂုဏ်ပြုကြိုဆို



မုံရွာမြို့၊ ပဇ္ဇောတာရုံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့က ကျင်းပခဲ့သော (၆၄)ကြိမ်မြောက် တိပိဋကဓရရွေးချယ်ပွဲကြီးတွင် အောင်မြင်တော်မူသောကြောင့် "တိပိဋကဓရ တိပိဋကကောဝိဒ" ဘွဲ့တံဆိပ်တော်အား ခံယူရရှိတော်မူပြီး မုံရွာမြို့သို့ ပြန်လည်ကြွချီလာရာ မုံရွာမြို့သူ၊မြို့သားများကြ

မို့အ၀င်လမ်းတလျှောက် ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

"အစက တိပိဋကဆရာတော်ဆိုတာ ဘာမှန်းမသိဘူး၊ မိတ်ဆွေတစ်ယောက်ကပြောမှ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်လို့ အဲဒီဘွဲ့တံဆိပ် ဆက်ကပ်တယ်ဆိုတာသိတာဗျ၊ ပိဋကတ်သုံးပုံကို အာဂုံဆောင်ဖို့ဆိုတာ အတော်လေးကို ခက်ခဲတဲ့ကိစ္စပါ၊ ဆရာတော်ကို အရမ်းလေးစားအံ့သြပြီး ကြည်ညိုမိပါတယ်" ဟု မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောကြားသည်။

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပဇ္ဇောတာရုံကျောင်းတိုက်သည် ယခုအကြိမ်နှင့်ဆိုလျှင် တိပိဋကဆရာတော် သုံးပါး ပေါ်ထွန်းခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိပိဋကစာမေးပွဲပြုလုပ်သည့်အကြိမ်အရေအတွက်မှာ (၆၄)ကြိမ် ရှိခဲ့ပြီဖြစ်ပြီး တိပိဋကဆရာတော် (၁၃)ပါး ပေါ်ထွန်းခဲ့ပြီ ဖြစ်ပါသည်။ ယခု ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယသည် မြန်မာနိုင်ငံ၏ (၁၃)ပါးမြောက် တိပိဋကဆရာတော် ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
အပေါ်သို့!