Searching...

အေးချမ်းစွာဝတ်ပြုဆုတောင်းနေသူများအားစက်လှေပေါ်တွင်တွေ့ရစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ၊၀က်မှေး ၊ဆည်တဲ ဇီးတော ၊ကျေးရွာ(၃)ရွာမှ ပြည်သူ(၃၀၀)ကျော်တို့က ၄င်းတို့ဒေသရှိ လက် ပန်းတောင်းတောင်တွင် သီတင်းသုံးပြီး လယ်တီဒီပဏီကျမ်းကြီး(၂)ကျမ်းနှင့်
ကျမ်းသေး(၂)ကျမ်းတို့ ကိုပြုစုတော်မူခဲ့သော ဘူမိနက်သန်အောင်မြေလက် ပန်းတောင်ကြီး ပျက်စီးမှုဘေးမှကင်းဝေးပါစေ ၊တိုင်းတစ်ပါးတရုတ်တို့၏ အတင်းအဓမ္မ လယ်ယာမြေသိမ်းဆည်းမှုမှကင်းဝေးပါရစေ ၊

လက်ပန်းတောင်
ပတ်ဝန်း
ကျင်ရှိကျေးရွာများ အပူသောကများဝေးပါရစေဟု ချင်းတွင်းမြစ် လယ်တွင်ဆုတောင်းပွဲတစ်ရပ်ကျင်းပကြောင်းသတင်းရရှိသည်။
အဆိုပါဝတ်ပြုဆုတောင်းပွဲသို့ ၀က်မှေး၊ဆည်တဲ ၊ဇီးတော ၊ကျေးရွာမှကျေး
ရွာနေပြည်သူလူထုတို့က စက်လှေ(၅)စီးဖြင့် လူထု(၃၅၀)ကျော်တို့ကအေး ချမ်းတည်ငြိမ်စွာ မည်သူကိုမျှ စိတ်အနှောက်အယှက်မဖြစ်စေဘဲ သတ်ပြုဆု တောင်းပွဲတစ်ရပ်ကိုကျင်းပခဲ့ကြသည်
 
အပေါ်သို့!