Searching...

နေ့စဉ်ကွန်ပျူတာနှင့်အလုပ်လုပ်နေသူများအတွက်ကျန်းမာရေးအကြောင်း


နည်းပညာ ခေတ်တွင် ကွန်ပျူတာကို လူအများ အသုံးပြုလာ သည်မှာ မဆန်းသော်လည်း ကွန်ပျူတာ ရှေ့တွင် အထိုင် များလာပါက ကျန်းမာရေးကို ထိခိုက်လာစေ မည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို မလွဲမသွေ ပြုလုပ် ပေးရန် အထူးလိုအပ်လာကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။ ကွန်ပျူတာကို ၁၀ နှစ်ခန့် ဆက်တိုက်သုံးစွဲ လာသူတစ်ဦးအတွက် ပထမဆုံး ခံစားရမည့် ဝေဒန

ာမှာ အူမကြီးကင်ဆာကဲ့သို့ ရောဂါဆိုးများ ဖြစ်နိုင်ကြောင်း၊ ထိုင်ခုံ တစ်ခုတွင် ကြာမြင့်စွာထိုင်ကာ အလုပ်လုပ် နေရသူ တစ်ဦးသည် ဆေးလိပ် စွဲသောက်လျှင် ကျန်းမာရေး ထိခိုက်နိုင် သကဲ့သို့ လူကို ဒုက္ခပေးနိုင်ကြောင်း သိပ္ပံပညာရှင်များ က ထုတ်ဖော်ပြောဆိုထားသည်။ မဖြစ်မနေ ထိုင်ခုံတွင်ထိုင်ကာ အလုပ်လုပ် နေသူများအား ကျန်းမာရေး မထိခိုက်စေရေး အတွက် “Sun Health” ဆေးသိပ္ပံ ပညာရေးအဖွဲ့က အောက်ပါအတိုင်း အကြံပြုခဲ့သည်။


ကွန်ပျူတာရှေ့တွင် ၁၀ နှစ် ခန့်ထိုင်ကာ အလုပ်လုပ် လာသူအတွက် အားကစားရုံသို့ မှန်မှန်သွား ရန်လိုအပ်ပြီး အနောက်ပိုင်း ဩစတြေးလျ တက္ကသိုလ်မှ ပညာရှင်တစ် စု၏ လေ့လာမှုတွင် အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိခြင်းက အဓိက ကျန်းမာရေး ချို့ယွင်းမှုကို ဖြစ်ပေါ် စေကြောင်း ဖော်ပြသည်။ အင်္ဂလန်နိုင်ငံ ကင်ဆာသု တေသနဌာနမှ ဒေါက်တာကလာရီ နိုက် (Dr. Claire Knight) က “လှုပ် ရှားမှုများများ ပြုလုပ်ပေးပါမှ အူမကြီးကင်ဆာ ဖြစ်ပွားသလိုမျိုး ရောဂါ တွေရလာနိုင်ပါတယ်”ဟု ပြော သည်။

ကွန်ပျူတာ မျက်နှာပြင်ရှေ့တွင် ကြာမြင့်စွာ ရင်ဆိုင် ကြည့်ရှုနေမှုသည် နှလုံး ကျန်းမာရေးနှင့်လည်း တိုက်ရိုက် ဆက်စပ်နေသည်ဟု နှလုံးအထူး ကုပညာရှင်များက ဆိုသည်။ တစ်နေ့လျှင် ကွန်ပျူတာ မျက်နှာပြင် ကို ၁၁ နာရီ အနည်းဆုံး ကြည့်နေရ သူတစ်ဦးသည် နှလုံးရောဂါ ဖြစ်ပွားမှုသည် အခြားလူများထက် ၆၇ ရာခိုင်နှုန်းပိုနေကြောင်း University College London မှ သုတေသီများ က ပြောကြားသည်။ ကွန်ပျူတာရှေ့တွင် အချိန် ကြာမြင့်စွာ ထိုင်နေခြင်းသည် သွေးလှုပ်ရှား လည်ပတ်မှုလည်း နှေးကွေးစေသောကြောင့် သွေးခဲဝေဒနာလည်း ဖြစ်နိုင်သည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

လှုပ်ရှားမှု နည်းလွန်းသဖြင့် ဝဖိုင့်လာနိုင်သည့်အပြင် ကျောအောင့် ဝေဒနာများလည်း ရလာနိုင်သည်။ မီးချောင်းမှ အလင်းရောင်သည် ကွန်ပျူတာ ဖန်သားပြင်နှင့် ရောင်ပြန်ဟပ်ကာ မျက်စိအကြည့်ကို တဖြည်းဖြည်း ထိခိုက်စေပြီး ခေါင်းကိုက် ဝေဒနာကိုပါ ဆက်လက်ခံစား ရနိုင်သဖြင့် တော်သင့်သော အလင်းရောင်ကိုသာ သုံးစွဲ ရန် ပညာရှင်များက အကြံပြုထား သည်။ ညစ်ပတ်ပေရေနေသော ကီးဘုတ်များကလည်း ကွန်ပျူတာ သမားကို ကောင်းကောင်းဒုက္ခပေး နိုင်သည်ဆိုသည့် အကြောင်းမှာ ကီးဘုတ်ပေါ်က လူကိုဒုက္ခပေးမည့် ဗက်တီးရီးယားများသည် သန့်စင်ခန်းထိုင်ခုံထက် ပိုများနေသော ကြောင့်ဖြစ်ကြောင်း ထိုဗက်တီးရီး ယားများသည် နှာခေါင်းမှတစ်ဆင့် အစာလမ်းကြောင်း ထဲရောက်သွား ကြကြောင်း မိုက်ခရိုစကုတ်ကျွမ်း ကျင်ပညာရှင် ဒေါက်တာပီတာဝီလ် ဆင်က ပြောသည်။ ဤသို့မဖြစ်ပေါ်စေရေး အတွက် လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း တွေ့ကြရသည်။

- ကွန်ပျူတာရှေ့တွင် ထိုင်ပြီ ဆိုလျှင် ကိုယ်ကို တည့်မတ်စွာထား ပြီး ကွန်ပျူတာ မျက်နှာပြင်နှင့် သင်၏မျက်စိကို တစ်ပြေးတည်းရှိပါစေ။
- ထိုင်နေစဉ်ကာလအတွင်း လက်မောင်း၊ ခြေ၊ လက်၊ ပခုံးတို့ကို မကြာခဏ ဆန့်တန်းလှုပ်ရှား ပေးပါ။
- တစ်ဆက်တည်း အချိန်အ ကြာကြီး မထိုင်ပါနှင့်။
- ကွန်ပျူတာမျက်နှာပြင်မှ အကြောင်းအရာများကို အချိန်ပိုင်း ခြားနားပြီး ကြည့်ရှုပါ။ မိနစ် ၃၀ တစ်ခါနားလျှင် ပိုကောင်းသည်။
- အသက်ပြင်းပြင်း ရှူသည့် အလေ့အကျင့်ကို မွေးမြူပါ။ - ရေ အလုံအလောက် သောက်ရန် မမေ့ပါနှင့်။
ကျွန်မတို့လို နေ့စဉ်နေ့တိုင်း ကွန်ပျူတာနဲ့ အလုပ်လုပ်နေသူများအတွက် ကိုယ်ချင်းစာသောစိတ်ဖြင့်
အာလုံးသိသင့်သော ကျန်းမာရေးဗဟုသုတလေးတစ်ချို့ ဝေမျှပေးလိုက်ပါတယ်။
အားလုံးကိုယ်ကျန်းမာပြီး စိတ်ချမ်းမြေ့ကြပါစေရှင်.။
 
အပေါ်သို့!