by Myit Makha Mediagroup on 4 Sep, 2012
ပြည်ပဈေးကွက်မှ ၀ယ်လိုအားကျဆင်းလာမှုနှင့်အတ
ဂမုန်းမှာ ကွမ်းစားဂမုန်းနှင့် ပင်စိမ်းဂမုန်းဟူ၍ (၂)မျိုးရှိရာ တရုတ်ဈေးကွက်မှ ပဋိဇီဝ ဆေးဝါးများနှင့် တိုင်းရင်းဆေးဝါးများဖေါ်စပ် ထုတ်လုပ်ရန်အတွက် အဆိုပါ(၂)မျိုး စလုံးကို အဓိကထား ဝယ်ယူလေ့ရှိကြောင်းကိုလည်း သိရသည်။
တရုတ်ဈေးကွက်မှ ၀ယ်လိုအားများနေခြင်းကြောင့်  ဂမုန်းစိုက်ပျိုးရေးလုပ်ငန်းကို စီးပွါးဖြစ်အကြီး အကျယ်လုပ်ကိုင်လာကြသော ရခိုင်ဒေသကုလားတန်မြစ်ဖျားပိုင်း ကျောက်တော်၊ ပလက်ဝမြို့နယ် ဒေသများ၌ ပြီးခဲ့သော(၂၀၁၁)ခုနှစ်နှစ် လယ်ပိုင်းလောက်မှစပြီး
တရုတ်ဈေးကွက်မှ ၀ယ်လက် လျော့နည်းကျဆင်းသွားသဖြင့်
ဂမုန်းစိုက်တောင်သူများမှာ အခြားရာသီးစုံသီးနှံ စိုက်ပျိုးရေး
လုပ်ငန်းများသို့ လုပ်ငန်းရွေ့ပြောင်းလုပ်ကို င်မှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံတောင်သူများ ဆိုသည်။
တရုတ်ဈေးကွက်မှ ၀ယ်လိုအားကောင်းခဲ့စဉ်က ကျောက်တော်၊ပလက်ဝဒေသများ၌ဂမုန်း အ၀ယ်ဒိုင်အရေအတွက်(၄၀)ကျော် ထိရှိခဲ့ကြောင်း၊
ယခုလက်ရှိအခြေအနေအရ ဂမုန်အ၀ယ်ဒိုင်(၅)ခုသာ ဈေးကွက်ကောင်းလာမည့်
အခြေအနေကိုမျှော်မှန်းပြီး လုပ်ကိုင်နေမှုများရှိနေသေးေ ကြာင်း ကျောက်တော်မြို့မှ ဂမုန်းအ၀ယ်ဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“တရုတ်ဝယ်လက်ကောင်းခဲ့စဉ် လွန်ခဲ့သော(၄)နှစ်ကျော်(၅)နှစ်ဝန်းကျင်လောက်က
ဂမုန်းဥအစိမ်းတစ်မောင်း(၂၅ ပိသာ)(၅၀၀၀၀)၀န်းကျင် အထိဈေးရခဲ့တယ်၊
ယခုလက်ရှိပေါက်ဈေးအရ (၁၂၀၀၀)ကျပ်လောက်ပဲ ဈေးရှိတော့ တယ်”ဟု ကျောက်တော်
ဂမုန်းဒိုင်သမား ဦးအောင်ကျော်က ပြောသည်။
ဂမုန်းဝယ်လက်နည်းပါးလာခြင်း နှင့်အတူ ဈေးနှုန်းများ ဆက်တိုက်ကျဆင်း နေခြင်းကြောင့် ဂမုန်းစိုက်တောင်သူများက ဂမုန်းစိုက်ပျိုးမှုလုပ်ငန်း အား စွန့်ခွာ၍ အခြား ရာသီစုံသီးနှံစိုက်ပျိုးမှုလုပ်ငန်းများသို့ ရွှေ့ပြောင်းမှုများလာခြင်း ဖြစ်ကြောင်းကိုလည်း ၄င်းက ဆိုသည်။
“ဂမုန်းဈေးကောင်းခဲ့စဉ်က ဂမုန်းစိုက်တောင်သူတွေမှာ ဝင်ငွေကောင်းပြီး ဝါးနေအိမ်မှ သွပ်မိုး၊ပျဉ်စီပျဉ်ထောင်အိ မ်အထိ ဆောက်လုပ်မှုတွေ ရှိခဲ့ပါတယ်”ဟု ပလက်ဝမြို့နေ ဆမီးကျေးရွာမှ ဂမုန်းစိုက်တောင်သူ ဦးအောင်စိန်ရွှေက ပြောသည်။
ဂမုန်းမှာ သစ်တောထွက်ပစ္စည်းအုပ်စုဝင်( ၆၄)မျိုးတွင်တစ်မျိုးအပါအ၀င်ဖြစ်ပြီး မြစ်ဖျားပိုင်းဒေသ သဘာဝတောတောင်များ ၌ တောအလိုက် သဘာဝအလျောက်ပေါက်ရောက်မှုများပြီး၊ ဒေသခံတောင်သူများမှာ သဘာဝအလျောက်ပေါက်ရောက်မှုအား ရှာဖွေလေ့ရှိသလို စီးပွါးဖြစ် ဧကများစွာတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လု ပ်မှုများလည်း ရှိခဲ့သည်။
တရုတ်ဈေးကွက်မှ ၀ယ်လိုအားများနေခြင်းကြောင်
တရုတ်ဈေးကွက်မှ ၀ယ်လိုအားကောင်းခဲ့စဉ်က ကျောက်တော်၊ပလက်ဝဒေသများ၌ဂမ
“တရုတ်ဝယ်လက်ကောင်းခဲ့စဉ် လွန်ခဲ့သော(၄)နှစ်ကျော်(၅)န
ဂမုန်းဝယ်လက်နည်းပါးလာခြင်း
“ဂမုန်းဈေးကောင်းခဲ့စဉ်က ဂမုန်းစိုက်တောင်သူတွေမှာ ဝင်ငွေကောင်းပြီး ဝါးနေအိမ်မှ သွပ်မိုး၊ပျဉ်စီပျဉ်ထောင်အိ
ဂမုန်းမှာ သစ်တောထွက်ပစ္စည်းအုပ်စုဝင်(