Searching...

ကြေးနီစီမံကိန်း

၈၈ မျိုးဆက်ကျောင်းသားများကလည်း လယ်သမားများဘက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ သူတို့ထဲက ကိုထွန်းလင်းအောင်ကို ကြေးနီစီမံကိန်း တာဝန်ရှိသူတို့က အကျိုးအကြောင်းရှင်းပြရာမှာ ကိုထွန်းလင်း အောင်က အချက် ၃ ချက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

၁။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ (နောက်ကျသွားပါပြီ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားပြီဖြစ်ကြောင်း ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ ဒေါ်ဒေ၀ီသန့်စင်က ၃-၉-၁၂

ထုတ် messenger ဂျာနယ်မှာ ပြောထားပါတယ်။)

၂။ လယ်သမားတွေကို ခြိမ်းခြောက်တာမျိုး မလုပ်ဖို့၊ (ဒါလည်း နောက်ကျသွားပါပြီ ထောင်ကျတဲ့လူကျ၊ ရဲတွေက ဆန္ဒပြလယ်သမားတွေကို ဟန့်တားထားပုံတွေကြည့်ပါ။)

၃။ လယ်သမားဘ၀မြှင့်တင်ပေးဖို့၊ (တရုတ်+မြန်မာ ကုမ္ပဏီနှစ်ခုက တောခုတ်-တောင်ဖြို လယ်သိမ်းပြီး ကြေးနီထုတ်ဖို့ လာတာပါ။ ရှင်းရှင်းလင်းလင်း သိမြင်ထားဖို့ လိုပါတယ်။)
လူစာမပြောနဲ့ နွားစာအတွက်တောင်မှ ခက်ခဲရှားပါးနေချိန်မှာ လယ်ယာမြေတွေ မတရားသိမ်းယူခံရတဲ့ လယ်သမားများရဲ့ဘ၀ဟာ မြွေပူရာကင်းမှောင့်ခံနေရသလိုပါပဲ။ တုံးအောက်ကဖား ဒီထက်ပြားစရာမရှိတော့ . . .။ ဒီနေ့သတင်းဂျာနယ်တွေမှာ လျံတက်နေတာက . . . မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ မတရားသိမ်းယူခံရတာ။ ရွာတွေဇွတ်ရွှေ့ခံရတာတွေ ရင်နင့်ဖွယ် ကြားသိနေရပါတယ်။
 
အပေါ်သို့!