Searching...

စည်ပင်၏တာဝန်မဲ့မှုကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးအတွင်း ခြင်များပေါက်ဖွားနိုင်သော ရေအိုင်များဖြစ်ပေါ်လျက်ရှိ




သင်္ဃန်းကျွန်းမြို့နယ် စည် ပင်သာယာအနေဖြင့် မြို့နယ်တစ်ခု လုံး၏ သန့်ရှင်းရေး၊သာယာလှပ ရေးတို့အတွက် တာဝန်အပြည့် အ၀ရှိသော်လည်း သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီးမျက်နှာစာအတွင်း ရေမြောက်များပိတ်ဆို့မှုကြောင့် အိုင်ထွန်း၍ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားစေနိုင်သော လောက် လန်းများပေါက်ဖွားနေခြင်းအား မ

ည်သို့မျှ ရှင်းလင်းဆောင်ရွက်ပေး ခြင်း မပြုသည့်အတွက် ဆေးရုံ ၀င်းကြီးအတွင်း ရေများအိုင်ထွန်း ကာ လောက်လန်းများပေါက်ဖွား လျက်ရှိနေကြောင်း လေ့လာသိရှိ ရသည်။
““ဆေးရုံဆိုတာ လူနာတွေ အတွက် ကျန်းမာသုခကိုပေးတဲ့ နေရာ ဝေဒနာတွေကိုသက်သာ ပျောက်ကင်းမှု့သုခကိုပေးနိုင်တဲ့ နေရာလေ မြို့နယ်စည်ပင်အနေ နဲ့ တစ်မြို့နယ်လုံးမှာရှိတဲ့ ဘယ် နေရာအတွက်မဆို သန့်ရှင်းရေး သာယာလှပရေးအတွက် တာဝန် ရှိတာလေ ခုတော့ ဆေးရုံဝင်းကြီး က ရေတွေအိုင်ထွန်း၊မြောင်းတွေ ပိတ်ပြီးတော့ ရေရှည်မှ မလိုလား အပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။ခုဟာက ဆေးရုံ ထဲက နေဆင်းတဲ့မြောင်းတွေက ပိတ်နေတယ်။အဲ့ဒီမှာရေတွေက အိုင်ထွန်းနေတာ ပြည်သူတွေကို ချမ်းသာသုခပေးနေတဲ့ နေရာ တစ်ခုက ပြည်သူတွေအတွက် အန္တရာယ်တွေ အများကြီးဖြစ်လာ နိုင်တယ်။ခု ကျွန်တော်တို့ NNDP ပါတီဝင်တွေ ဒီလိုလာပြီး ဆေးရုံအတွက် သန့်ရှင်းရေးလုပ် ကြတယ်။အဲ့ဒီမြို့နယ်စည်ပင်ကို ပူးပေါင်းပါဝင်ဖို့ပြောတော့ သူ လည်း ကူညီပါမယ် သူလည်းလာ ပါမယ်တဲ့ ဒါပေမယ့် လုံးဝရောက် မလာခဲ့ဘူး””ဟု အမျိုးသားဒီမိုကရေ စီပါတီသစ် ပြန်ကြားရေးမှူး ဦး သန်းထွန်းမှ ပြောကြားသွားခဲ့ သည်။
သင်္ဃန်းကျွန်းစံပြဆေးရုံကြီး အတွင်း၌ လက်ရှိဖြစ်ပေါ်နေသော အနေအထားများအရ ရေရှည် တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သော ပိုးလောက်လန်း များပေါက်ဖွားရှင်သန်လျက်ရှိနေ ပြီး ယင်းနှင့်ပတ်သက်၍ မြို့နယ် စည်ပင်မှ တာဝန်ကင်းစွာ ဆက် လက်မျက်ကွယ်ပြုနေပါမူ မလို လားအပ်သော ကျန်းမာရေးအန္တ ရာယ်များဖြစ်လာနိုင်ပြီး ကျန်းမာ သုခပေးနေသော နေရာတစ်ခုမှာ အန္တရာယ်မျှဝေနေရာတစ်ခုဖြစ် သွားနိုင်သည်။
““ကျွန်တော်အနေနဲ့ မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးကို ဒီဆေး ရုံသန့်ရှင်းရေးအတွက်ပြောတယ်။ သူကပေါက်တူး အလက်(၂၀)ပေး မယ်တဲ့ ပြီးတော့ သူလည်း လာ မယ်တဲ့ တကယ်တော့ လုံးဝမ ရောက်လာဘူး။ခုမြို့နယ် တာဝန် ခံပဲ ခဏလာပြီး ပြန်သွားတတယ်”” ဟု စံပြဆေးရုံသန့်ရှင်းရေးက ဦး ဆောင်လှုပ်ရှားခဲ့သူ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးကျော်မှ ပြောကြားသွား ခဲ့သည်
အဆိုပါ ဆေးရုံဝင်းအတွင်း ရှိ အခြေအနေဆိုးများအား မြို့ နယ်စည်ပင်မှ အမြန်ဆုံး တာဝန် ယူရှင်းလင်းခြင်းမပြုပါမူ အခြေ အနေများပိုမိုဆိုးရွားလာနိုင်ပြီး ကျန်းမာသုခဝေးရာ နေရာတစ်ခု မှာ ဝေဒနာမျှဝေရာ နေရာတစ်ခု ဖြစ်သွားနိုင်ကြောင်း လေ့လာသိ ရှိရသည်။
 
အပေါ်သို့!