Searching...

မြိတ်မြို့တွင်ဥပဒေကိုချိုးဖောက်ကာမကောင်းမှုမှန်သမျှကိုဂိုဏ်းဖွဲ့လုပ်ကိုင်နေ

မြိတ်မြို့တွင်ဥပဒေကိုချိုးဖောက်ကာမကောင်းမှုမှန်သမျှကိုဂိုဏ်းဖွဲ့လုပ်ကိုင်နေ
သောမြို့မရဲစခန်းမှစခန်းမှူးရဲအုပ်မြင့်လွင့်နှင့်ရဲသတင်းပေးများကြောင့်ပြည်သူ
များမှာလုံခြုံ မှုရှိသည်ဟုခံစားရခြင်းမရှိတော့ကြောင်းသိရ
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ တွင် ဥပဒေချိုးဖောက်ကာမ
ကောင်းမှုမှန်သမျှကိုဂိုဏ်းဖွဲ့ လုပ်ကိုင်နေသောမြို့ မရဲစခန်းမှ စခန်းမှူးရဲအုပ်

မြင့်လွင်နှင့်ရဲသတင်းပေးများကြောင့်ပြည်သူများမှာရဲအုပ်မြင့်လွင်ရှိသောမြို့
တွင်နေထိုင်ရသည်မှာလုံခြုံမှုရှိသည်ဟုလုံးဝမခံစားရတော့ကြောင်းမြိတ်မြို့နေ
ပြည်သူ/သားများကပြောကြားလာတဲ့အတွက်ဒီသတင်းကိုတင်ပေးလိုက်ရပါ
တယ်။ပြည်သူများအနေဖြင့် ဥပဒေဘက်တော်သားတစ်ယောက်ဟာဥပဒေကို
လုံးဝချိုးဖောက်နေပြီးဘယ်လိုမှယုံကြည်မှုမရှိတော့ကြောင်းအဆိုပါအကျင့်
ပျက်ရဲဝန်ထမ်းနှင့်၎င်း၏တပည့်များ၊ရဲသတင်းပေးများကိုစိတ်ဆိုးဒေါသထွက်
နေကြကြောင်းသိရပါတယ်ရဲအုပ်မြင့်လွင်ဆိုသူမှာနိုင်ငံတော်သမ္မတကြီးဦး
သိန်းစိန်တာဝန်ယူပြီးနောက်ပိုင်းမှာလာဘ်ပေးလာဘ်ယူကိစ္စများကိုစတင်
ကိုင်တွယ်တဲ့အချိန်မှာအဲဒီအကျင့်ပျက်ရဲအုပ်လည်းစာရင်းထဲမှာပါသွားပြီးတနင်္သာရီမြို့ ကိုခဏသွားရောက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်အဲဒီရဲအုပ်ဟာ
ရာထူးလျော့ချခံရခြင်း၊အရေးယူခံရခြင်းမရှိပဲသူ့အထက်ကလူကြီးကိုပေးကမ်း
နိုင်တာကြောင့်ရဲလူကြီးများနှင့်အဲဒီရဲအုပ်မြင့်လွင်တို့ဟာသမ္မတကြီးကိုတပတ်
ရိုက်လိုက်နိုင်ခဲ့ပါတယ်တနင်္သရီမှာအ၀င်ပြထားပြီး၊မကြာခင်မှာမြိတ်လေဆိပ်
မှာလူလိုသလိုလိုနှင့်နေရာတစ်ခုကိုအကြောင်းပြပြီးမြို့ပေါ်ကိုရောက်လာပြန်ပါ
တယ်သိပ်မကြာခင်မှာပဲအပေးကမ်းကြမ်းတဲ့အတွက်မြိတ်မြို့ ပေါ်ကဂုဏ်
သိက္ခာကြီးတဲ့ရဲဝန်ထမ်းတွေသာရုံးထိုင်ခွင့်ရှိတဲ့မြို့မရဲစခန်းကိုအဲဒီရဲအုပ်မြင့်
လွင်ဆိုသူဟာပြန်လည်ရောက်ရှိလာပါတယ်ဒီကိစ္စကိုသမ္မတကြီးနှင့်အထက်
လူကြီးတွေမလိုက်တာလား၊ သက်ဆိုင်ရာထောက်လှမ်းရေးတွေကရောမသိ
လိုက်တာလားဆိုတာတော့သူတို့ကိုယ်တိုင်သူကြမှာပါ။ပေးကမ်းပုံကအားလုံး
သိန်း 700လောက်အကုန်ခံပြီးဒီနေရာကိုမတန်မရာရယူလိုက်တယ်လို့သိ
တယ်အဲဒီဂုဏ်သိက္ခာကြီးတဲ့ပြည်သူ့ ရဲတွေသာရုံးထိုင်လေ့ရှိတဲ့မြို့မရဲစခန်းမှာ
အကျင့်ပျက်ရဲတစ်ကောင်မတန်မရာနေရာရလာပြီးဒုတိယနေ့ မှာပင်သူ့ ရဲ့
နောက်လိုက်ရဲသတင်းပေး ( informer ) တွေကိုအားလုံးခေါ်ယူပြီး ဘိသိပ်ခံ
ယူုပွဲကျင်းပကြောင်းရဲသတင်းပေးများကိုတစ်ဦးလျှင်ကျပ် 50000 စီပေးစေပါ
တယ်ရဲ ကရဲသတင်းပေးတွေကိုငွေကြေးထောက်ပံ့ရမည့်အစား ရဲသတင်းပေး
တွေက ရဲကိုဆက်ကြေးပြန်သွင်းရပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့ရဲအုပ်
မြင့်လွင်က ရဲသတင်းပေးတွေနှင့်ဂိုဏ်းတစ်ခုဖွဲ့ ပြီးလုပ်ပိုင်ခွင့်တွေဥပဒေမဲ့ချ
ပေးလိုက်တာပဲ။အခုဆိုရင် ရဲကဥပဒေမဲ့လုပ်ရပ်တွေနှင့်အုပ်စုဖွဲ့ ပြီး မြို့သစ်၊
မြိတ်တောင်၊အင်းလေးမြိုင်စက်မှုဇုံစတဲ့ဆင်ခြေဖုံးဒေသတွေမှာ ဖာခန်း(ပြည်
တန်ဆာ )၊မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ချဲထီ၊ ( 2လုံး၊ 3 လုံး )များကိုအ
ကြီးအကျယ်လုပ်ကိုင်နေပါတယ်အဲဒီတစ်ဝိုက်ကနေရာတွေစားသောက်ဆိုင်
အမည်ခံထားတဲ့ ( KTV )တွေ၊ဖာခန်းတွေ 66 ခုရှိတယ်လို့သိရပါတယ်ကဲ...
မြိတ်မြို့အတွက်အရုပ်ဆိုးဆုံးလုပ်ရပ်တွေကိုဒီလူတွေက နှမချင်းမစာနာလုပ်
ကိုင်နေကြပါတယ်သူတို့က ဒီဒေသခံတွေမဟုတ်တဲ့အတွက်ဒီမြို့ မှာရာထူးရ
တုန်းလုပ်ချင်သလိုလုပ်သွားပြီးဒီကဒေသခံမိကောင်းဖခင်သားသမီးတွေက
တော့ဒီလိုနေရာမျိုး မှာဘယ်လိုနေထိုင်နေရတယ်ဆိုတာကိုယ်ချင်းစာကြည့်
နိုင်ပါတယ်အဲဒီဖာခန်း ( ပြည်တန်ဆာအိမ် ) တွေ ၊ချဲထီ၊မူးယစ်ဆေးဝါးလုပ်
မှုတွေကို ၄င်း၏တပည့် ရဲကြပ် မျိုးသိန်းနှင့်ဇော်မိုးအောင်ဆိုသူကလုပ်ကိုင်
ပေးရပါတယ်ဆက်ကြေးတွေကိုလည်ဒီအကျင့်ပျက်ရဲတွေနှင့်ရဲသတင်းပေး
တွေကလုပ်ကိုင်ကြပါတယ်။မျိုးသိန်းဆိုသူရဲကြပ်ဟာလည်းအင်မတန်ယုတ်
ညံ့သောစိတ်ထားရှိသည့်ရဲတစ်ဦးအဖြစ်မြို့ နေလူထုကကောင်းကောင်းသိကြ
ပြီး၊ ဘောင်းဘီကြီးဆိုသူနှင့်လည်းအဆက်သွယ်ရှိကြောင်း၊ယခင်မူယစ်ဆေး
ဝါးရောင်းချခဲ့သူများကိုလည်း၎င်းကပင်ရှယ်ယာထည့်ကာရောင်းချစေခဲ့
ကြောင်းမူးယစ်ဆေးဝါးရောင်းချသည့်လူငယ်များကိုရဲများကလာဖမ်းသွား
သောအခါမူလနေရာကိုမေးကြရာသူတို့ ၀ယ်ရသည်မှာ မျိုးသိန်းဆိုသည့်ရဲဖြစ်
ကြောင်းသူကရောင်းခိုင်းကြောင်းပြောသောအခါရဲများကဒီနာမည်ကိုလုံးဝမ
ပြောရန်၊တရားရုံးတွင်လည်းထုတ်မပြောရန်ခြိမ်းခြောက်ခြင်း၊ညှင်းပန်းနှိပ်
စက်ခြင်းများပြုလုပ်လေ့ရှိပါတယ်ဒါကြောင့်မူးယစ်ဆေးဝါးရောင်းပေးကြတဲ့
မသိနားမလည်တဲ့လူငယ်အတော်များများဟာသူတို့အပေါ်ကလူကိုမဖော်နိုင်
ပဲထောင်ထဲမှာအများကြီး ယခုထက်တိုင်အများကြီးရှိပါတယ်။သားသမီးရှိသူ
တိုင်းကိုယ်ချင်းစာကြည့်ပါခင်ဗျား။။မြင့်လွင်တို့ မျိုးသိန်းတို့မှာလည်းသားသမီး
တွေရှိနေပါတယ်ဝဋ်ဆိုတာမြန်ပါတယ်လို့ ဒေသခံတစ်ဦးကရင်ဖွင့်ခဲ့ပါတယ်။
ရဲအုပ်မြင့်လွင်ဟာ မြို့သစ်ရဲစခန်းမှာတာဝန်ကျစဉ်ကတည်းက ညပိုင်းအချိန်
များတွင်လမ်းသွားလမ်းလာလူများကိုစခန်းကိုခဏလိုက်ခဲ့ကိစ္စရှိသည်ဟုခေါ်
ကာစခန်းရောက်ပါကမှောင်ရိပ်ခိုသည်ဟုစွပ်စွဲကာလူတစ်ဦးကိုကျပ် 20000
တောင်းကာပြန်ပေးဆွဲသည့်ပုံစံများနှင့်ငွေရှာခဲ့ကြောင်းသိရသည်။နောက်
နောက်များကမလုပ်ချင်တော့သောအခါတွင်လည်းကောင်းငွေရနည်းသည့်
အခါတွင်လည်းကောင်း၊ဘ၀သစ်ကဲ့သို့နေရာများသို့ပြောင်းပစ်မည်ဟုခြိမ်း
ခြောက်လေ့ရှိကြောင်းသိရပါတယ်၎င်းမြင့်လွင်ဟာ သမီးမွေးနေ့ ၊မယားမွေး
နေ့ ၊၄င်း၏မွေးနေ့ များပြုလုပ်ကာ မြိတ်မြို့ပေါ်ရှိ၎င်းနှင့်မကင်းနိုင်သည့်အလုပ်
များကိုလုပ်နေသည့်လုပ်ငန်း 600 လောက်ကလူများကိုမွေးနေ့ဖိတ်ပါတယ်။
တစ်ယောကို မွေးနေ့ လက်ဆောင် တစ်သိန်းလောက်ပေးရပါတယ်။အဲဒီငွေ
တွေဟာတစ်နှစ် ကို သိန်း 1800 လောက်နှစ်စဉ်ရရှိပါတယ်။ရဲအုပ်မြင့်လွင်
ဟာလက်ရှိ မှန်လုံကားကြီး ( express ) 7 စင်းခန့်  အိမ်ခြံမြေ 5 ကွက်၊ဆိုင်
ကယ် အစီး 20 ( တက္ကစီ )အုံနာထားပြီး အလွန်ချမ်းသာတဲ့အကျင့်ပျက်ရဲတစ်
ဦးအဖြစ်ဇိမ်ခံနေပြီး ၄င်းတပည့်များ၊မျိုးသိန်း ၊ ဇော်မိုးအောင်၊ နှင့်ရဲသတင်း
ပေးများက သက်ဆိုင်ရာအလိုက် ဖာခန်း၊မူးယစ်ဆေးဝါး၊ထီ လုပ်ငန်းများကို
ကြီးကြပ်ပေးနေရာ၎င်းအားဆက်သနေရကြောင်းသိရပါတယ်။ဒီကိစ္စကိုပြည်သူများကတင်ပြလာတဲ့အတွက်ကျွန်တော်တိုမြိတ်သူ/သားများကိုတာဝန်ယူ
ကာကွယ်ပေးနေကြတဲ့ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့်အထက်လူကြီး
များ၊နိုင်ငံတော်သမ္မတကြီးအထိတင်ပြပါပေးပါလို့ ပြောလာတဲ့အတွက်ဒီပို့စ်
ကိုတင်ပေးလိုက်တာဖြစ်ပါတယ်။ လူသားအားလုံးတရားဥပဒေစိုးမိုးမှုအောက်
တွင်နေထိုင်ကြပါစေ။
 
အပေါ်သို့!