Searching...

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ပွဲ ရန်ကုန်တွင် ကျင်းပ


Tuesday, September 18, 2012


လင်းသန့်။

၂၀၀၇ ခုနှစ် စက်တင်ဘာလက စစ်တပ်က မတရားဖြိုခွင်းခံခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးနေ့ ၅ နှစ်ပြည့် နှစ်ပတ် လည် အောက်မေ့ဖွယ် အခမ်းအနားတခုကို ရန်ကုန်မြို့ ဒဂုံမြို့သစ်ရှိ တက္ကသီလာ မဟာဇေယျ သိဒ္ဓိ ပဌာန်းကျောင်း၊ ပရိ ယတ္တိ စာသင်တိုက်တွင် ယနေ့ နေ့လယ် ၁၁ နာရီမှ ၂ နာရီထိ ကျင်းပခဲ့ကြသည်။

၂၀၀၇ ခုနှစ် တွင် ပါဝင်ခဲ့ကြသော ရွှေဝါရောင်သံဃာတော်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့၊ အလုပ်သမား သမဂ္ဂ များ ပေါ်ပေါက်ရေး ကြိုးစားနေသူများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှသူများ စသဖြင့် နိုင်ငံရေးအဖွဲ့များစွာက စုစုပေါင်း လူပေါင်း ၂၀၀ ကျော် ခန့် တက်ရောက်ကြောင်း ဦးစန္ဒာသီရိ (ဦးဇင်း ပုရစ်) က ဧရာဝတီကို မိန့်ကြားသည်။

“ရွှေဝါရောင်တော်လှန်ရေးနေ့ကို ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့် မြတ်ရေး၊ ရွှေဝါရောင် သံဃာ တော်များအပါအ၀င် နို်င်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ရေး၊ ပြည်ပရောက် ဒီမိုကရေစီအင် အားစုအားလုံး ပြည်ဝင်ခွင့် လွတ်လပ်စွာ ရရှိရေး၊ အခြေခံကျတဲ့ ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ ရရှိရေးဆို တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်”ဟု သူက ဆက်လက်မိန့်ကြားသည်။

ရွှေဝါရောင် သံဃာ့အရေးအခင်းအတွင်းက ဖမ်းဆီးခံခဲ့ရပြီး မလွတ်မြောက်သေးသည့် အကျဉ်းသားသံဃာတော် စုစု ပေါင်း ၃၀ ကျော် ရှိနေရာ ယမန်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများထဲတွင် မပါဝင်
ကြောင်း ဦးစန္ဒာ သီရိ က မိန့်သည်။

“ရွှေဝါရောင် သံဃာတော်အပါး ၃၀ ကျော် ကျန်နေပါသေးတယ်” ဟု သူက မိန့်သည်။
 
အပေါ်သို့!