Searching...

စစ်တွေရဲ့ ယနေ့ ဂယက် မောင်တောမြို့ထိ ရိုက်ခတ်


မောင်အေး

စစ်တွေမြို့တွင် အဓိဂရုဏ်း ဖြစ်ပေါ်နေပြီဆိုသော ကောလဟလ သတင်းကြောင့် မောင်တောမြို့ တည်ငြိမ်ရေး ပျက်ပြားသွားခဲ့သည်ဟု သိရသည်။


“စစ်တွေမှာ ရခိုင်နဲ့ ဘင်္ဂလီတွေ ပြဿနာဖြစ်နေပြီ သတင်း ကြားတာနဲ့ ဒီမှာလည်း ရခိုင် တွေ ဈေးဆိုင်တွေကိုသိမ်း ကိုယ့်အိမ်ကိုယ်ဝင်၊ ဘင်္ဂလီတွေလည်းဆိုင်တွေပိတ်ပြီး ပြေးကြတော့ တစ်မြို့လုံးဆူသွားတယ်” ဟု မောင်တောမှ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းက စစ်တွေတွင် လူငယ် တစ်ဦး သတ်ဖြတ်ခံရသော သတင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေချိန် တွင် မောင်တောမြို့သို့ အဆိုပါ သတင်း ရောက်ရှိလာရာ ဈေးဆိုင်များ၊ အစိုးရရုံးများကို ချက်ချင်း ပိတ်ထားလိုက်ရသည်ဟု ဆိုသည်။

တည်ငြိမ်မှုပျက်သွားသည့်အတွက် လုံထိန်းနှင့် ရဲတပ်ဖွဲ့ ၀င်များက ရွှေဇားတံတားတွင် ဒိုင်းကာများ ကိုင်ဆောင်ပြီး လုံခြုံရေး ယူထားလိုက်ကြောင်း အဆိုပါ အိမ်ရှင်မက ဆက်ပြောသည်။

ယခုကဲ့သို့ မောင်တောမြို့တွင် တည်ငြိမ်မူ ပျက်ပြားသွားသဖြင့် လစာထုတ်ရန် ရောက်နေကြသည့် ၀န်ထန်းတချို့ကို လည်း ရုံးများမှ လစာမပေးဘဲ ပြန်လွှတ်လိုက် ကြောင်း ကျောင်းဆရာ တဦးကပြောသည်။

ယခုအခါ ဘင်္ဂလီအများစုမှာ မောင်တော ကညင်တန်းရပ်တွင် စုဝေးနေကြကြောင်း သတင်းများထွက်ပေါ်နေပြီး မောင်တောမြို့ရှိ ရခိုင်များမှာ မိမိနေအိမ်တွင် သတိနှင့် နေထိုင်နေကြကြောင်း သိရသည်။
 
အပေါ်သို့!