Searching...

ရည်ရွယ်ချက်(၂)ရပ်ဖြင့် သိက္ခာရှိရှိပြန်လာခြင်းဖြစ်ကြောင်း ကိုထွန်းအောင်ကျော်ပြောဆို...........


Myit Makha Mediagroup

မြန်မာပြည်တွင်းသို့ ရည်ရွယ်ချက်(၂)ရပ်ဖြင့် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ABSDF( မြန်မာနိုင်ငံလုံးဆိုင် ရာကျာင်းသားတပ်မတော်) ပထမဦးဆုံးတည်ထောင်ခဲ့သူ ဦးထွန်းအောင်ကျော် က ဆိုသည်။
" ကျွန်တော်တို့ရည်ရွယ်တာ နှစ်ခုရှိတယ်။ တစ်က ပြည်တွင်းငြိမ်းချမ်းရေး၊ နှစ်က လူသားအရင်း အမြစ်ဖြစ်တဲ့ ပည

ာတတ်တွေ တကယ့်တတ်သိပညာရှင်တွေ ပေါ်ထွန်းရေး အဲ့အတွက် ကျွန်တော်တို့ လုပ်ပေးနိုင်မယ်ဆိုရင် တိုင်းပြည်ကြီးက အလျှင်အမြန်တိုးတက်ဖွံ့ဖြိုး လာမယ်လို့ ကျွန်တော်တို့ ယုံကြည် တယ်"ဟု ဦးထွန်းအောင်ကျော်က စက်တင်ဘာ(၃)ရက်နေ့ ယုဇနဟိုတယ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။


ဦးထွန်းအောင်ကျော်နှင့် ဦးမိုးသီးဇွန်အပါအဝင်(၇)ဦးမှာ မြန်မာပြည်သို့ စက်တင်ဘာ(၁)ရက်နေ့မှ စတင် ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးး မြန်မာနိုင်ငံအတွင်း(၂၁)ရက် နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။



တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပတွင်ရှိသော ပညာတတ်မျိုးဆက်များ၊ ခေတ်သစ် လူငယ်များ စသည့် မြန်မာပြည်မှ ထွက်သွားကြသူများအား ပြန်လည်ဖိတ်ခေါ်သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်ကို အလေးထား၍ သိက္ခာရှိရှိပြန်လာခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

'' ကိုယ့်ညီနောင်ချင်းသတ်ဖြတ်နေတဲ့ ပြည်တွင်းစစ်ကြီးရပ်ဆဲဖို့အတွက် ကျွန်တော်တို့ ဘယ်လောက် အထိလုပ်နိုင်မလဲ၊ ကျွန်တော်တို့ဟာ တောထဲမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေရင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေနဲ့ သိကျွမ်းခဲ့ကြရတယ်၊ ရင်းနှီးခဲ့ကြတယ်၊ အမြင်တွေ ဖလှယ်နိုင်ခဲ့ကြတယ်။ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကို ဖော်ထုတ်ဖို့က ကျွန်တော်တို့တာဝန် ပဲဖြစ်တယ်'' ဟု ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။

မြန်မာပြည်တွင်နေထိုင်စဉ်ကာလအတွင်း အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်တွေ့ဆုံကာ နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် လိုအပ်ချက်များကို တင်ပြ ဆွေးနွေး သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
အပေါ်သို့!