Searching...

အခုလို ထိုင်ကန်တော့နေတဲ့ သူဟာ အမေရိကန်နိုင်ငံသား Dominic Nardi ဆိုသူ ဖြစ်ပါတယ်။


2011 ခု မှာ မစ်ရှီဂန်တက္ကသိုလ်က ပေးအပ်တဲ့ Wallenberg Medal ဆုကို ဒေါ်စုကို လာရောက်ပေးအပ်စဉ်က ရိုက်ထားတဲ့ ပုံပါ ။
အခုလို ထိုင်ကန်တော့နေတဲ့ အမေရိကန်နိုင်ငံသား Dominic Nardi ရဲ့ ဇနီးက မြန်မာမိန်းကလေး ပါ ။
သူမရဲ့ အဖိုးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တစ်ဦး ဖြစ်ခဲ့ပြီး ဒေါ်စုငယ်ငယ်တုန်းက ထိန်းကျောင်းခဲ့သူတွေထဲက တစ်ယောက်ပါ.

.တဲ့ ။
Dominic Nardi က မစ်ရှီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ Ph.D ကျောင်းသားဖြစ်ပြီး၊
ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် မြန်မာ ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့ရဲ့
judicial politics ကို စိတ်ဝင်စားလေ့လာသူပါ ။
လွန်ခဲ့တဲ့ ၁၁ နှစ်က မြန်မာနိုင်ငံကိုလာတဲ့
ပထမဆုံး ခရီးမှာ ရန်ကုန်လေဆိပ်မှာ အတားခံခဲ့ရဖူးတယ် ။
တားခံရတဲ့ အကြောင်းရင်းက သူ့မှာ ပါလာတဲ့ စာအုပ်တွေထဲက
တစ်အုပ်ရဲ့ မျက်နှာဖုံးမှာ ဒေါ်စုပုံ သေးသေးလေးတစ်ခု ပါလို့ပါ ...တဲ့ ။
Wallenberg Medal ဆု ဆိုတာက ဒုတိယကမ္ဘာစစ်အတွင်းမှာ ထောင်ပေါင်းများစွာသော
ဂျူးတွေကို ကယ်တင်ခဲ့တဲ့ ဆွီဒင်လူမျိုး သံတမန် Raoul Wallenberg ကို ဂုဏ်ပြုပြီး ပေးတဲ့ ဆုပါ ။ အကာအကွယ်မဲ့ ဖိနှိပ်ခံရသူများအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ပေးမှုကို ဂုဏ်ပြုသော ဆု ။
အဲဒီ ဆွီဒင်လူမျိုး Raoul Wallenberg ဆိုတာ မစ်ရှီဂန်တက္ကသိုလ်မှာ ဗိသုကာပညာသင်ကြားခဲ့တဲ့ ကျောင်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ် ။
ဒလိုင်းလားမား၊ တောင်အမေရိက က Desmond Tutu တို့ အပါအ၀င် ကမ္ဘာပေါ်မှာ ဒီဆုကို ပေးအပ်ခြင်းခံရသူ ၂၁ ယောက်တိတိရှိပြီး ဒေါ်စုက ၂၁ ယောက်မြောက် ပါ။
( ၂၀၁၁ တွင် ပေးအပ်ခြင်း ခံရ ။)
ထိုဆုကို ဒေါ်စုက မစ်ရှီဂန်ပြည်နယ် Ann Arbor မြို့ထိ သွားရောက် မယူနိုင်လို့...
University of Michigan တက္ကသိုလ်က ဆုကို.. မြန်မာပြည်ထိ လာပေးဖို့ ...
ဒေါ်စုကို ကန်တော့နေသူ Dominic Nardi ကို လွှတ်လိုက်ခြင်းပါ.........။
 
အပေါ်သို့!