အဖြူရောင်နှင့် အနက်ရောင်တို့ဖြင့် တင်ပို့ရောင်းချမည့် iPhone 5 ကို အမေရိကန်နိုင်ငံတွင် နှစ်နှစ်စာချုပ်ဖြင့် 16GB အတွက် US$ 199, 32GB အတွက် US$ 299, 64GB အတွက် US$ 399 ကျသင့်မည်ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် iPhone 5 ကို စာခ
ျုပ်မဟုတ်သည့်
လက်လီဈေးဖြင့် ရောင်းချမည်ဖြစ်ပြီး 16GB အတွက် US$ 772, 32GB အတွက် US$
886, 64GB အတွက် US$ 1,008 အသီးသီး သတ်မှတ်ထားသည်။
ဟောင်ကောင်တွင်လည်း unlock ဖြင့် ရောင်းချမည်ဖြစ်ပြီး တန်ဖိုးအနေနှင့် US$ 720 ကျသင့်မည်ဖြစ်သည်။ ဂျပန်နိုင်ငံအတွက် ဈေးနှုန်းကိုမူ မသိရသေးပေ။
ထို့အပြင် Apple ကုမ္ပဏီသည် စက်တင်ဘာလ ၂၈ ရက်တွင် အခြားနိုင်ငံ ၂၂ နိုင်ငံထံ ထပ်မံတင်ပို့ရောင်း ချမည်ဖြစ်သော်လည်း ၎င်းနိုင်ငံများတွင် အာရှနိုင်ငံများ မပါဝင်ကြောင်း သိရသည်။