Searching...

စပါးစိုက် ဧက တစ်သန်းအတွက် ယူရီးယားဓာတ်မြေသြဇာ သင့်တင့်ဈေးဖြင့်ရောင်းပေးမည်

စပါးစိုက် ဧက တစ်သန်းအတွက် ယူရီးယားဓာတ်မြေသြဇာ သင့်တင့်ဈေးဖြင့်ရောင်းပေးမည် ရန်ကုန် အောက်တိုဘာ ၂ ရက် မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့် ပူးပေါင်း၍ လာမည့်နှစ်တွင် စပါးစိုက်ဧက တစ်သန်းအတွက် ယူရီးယား ဓာတ်မြေသြဇာတန်ချိန် ၅၀၀၀၀ အားသင့်တင့်သော ဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ... ရောင်းချမှုကို လက်ငင်းငွေချေစနစ်နှင့်လဆိုင်းအကြွေးစနစ်တို့ဖြင့် ခွဲခြားသတ်မှတ်ကာ ရောင်းချပေးနိုင်ရေးအတွက်ကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းအပြင် နိုင်ငံတော် စီမံကိန်းတစ်ရပ်ဖြစ်သည့် လက်မှုလယ်ယာမှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် ကိုလည်းယခုလ ၁၀ရက်မှ ၁၁ ရက်နေ့ထိပြုလုပ်ကျင်းပမည် လယ်ယာသုံးစက် ကိရိယာများ ရောင်းချပွဲတွင် ရောင်းချမည့် စက်ကိရိယာများကိုမြန်မာနိုင် ငံ တောင်သူလယ်သမားအသင်း၏အာမခံမှုဖြင့် နှစ်နှစ်ဆိုင်းအချိန်ကာလထိ အကြွေးစနစ်ဖြင့်ဝယ်ယူနိုင်ရေးအတွက် ကိုမြန်မာနိုင်ငံတောင်သူ လယ်သမားအသင်းမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
အပေါ်သို့!