မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးနှစ်ဦးအား အချိန်မီကယ်တင်နိုင်ခဲ့သည့် သတင်းထောက်အား ဂုဏ်ပြု
မကွေးခရိုင်၊ တောင်တွင်း ကြီးမြို့နယ် အခြေစိုက်မှုခင်း သတင်းထောက်အဖွဲ့မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဖြင့် ပူးပေါင်း၍ မိမိ တို့ စုံစမ်းရရှိထားသော လူကုန်ကူး မှုသတင်းအချက်အလက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် စီမံ/ လေ့ကျင့်ညွှန်ကြားရေးမှူး ရဲမှူး ကြီးဝင်းခေါင် (စာရေးဆရာထက် ...
ခေါင်)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု- ရဲမှူးမြင့်ဆွေထံ အချိန်နှင့်တပြေးး ညီ သတင်းပေးပို့တင်ပြနိုင်ခဲ့သ ဖြင့် (၂၈-၁-၂၀၁၂)ရက်နေ့ ည (၈း၃၀)မိနစ်အချိန်က ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွင် အလုပ် ပေးမည်ပြောပြီး အတင်းအဓမ်္မ ပြည့်တန်ဆာစေခိုင်းသူ ဒေါ်ညို (၄၆)နှစ်အား တောင်တွင်းကြီးမြို့ မ ရဲစခန်းမှ (ပ) ၂၅/၂၀၁၂ လူ ကုန်ကူးတားဆီးတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၂၄ဖြင့် အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး လူကုန်ကူးခံ
ရသူ မြန်မာမိန်းကလေး နှစ်ဦး ကို ကယ်တင်နိုင်ခဲ့သဖြင့် မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့ အခြေ စိုက် မှုခင်းသတင်းထောက် ဦးလှ ဖုန်းဦး ကလောင်အမည် ဟင်္သာ (တောင်တွင်းကြီး)အား မကွေး တိုင်းဒေသကြီး မကွေးခရိုင်၊တောင် တွင်းကြီးမြို့နယ် အမျိုးသမီးရေး ရာအဖွဲ့က၃၀-၉-၂၀၁၂နေ့ညနေ (၄)နာရီအချိန်တွင်မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦး စီးဌာနရုံး ခန်းမ၌ မြို့နယ်အမျိုး သမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ပြုံးကြည်နှင့်အဖွဲ့က ထိုက် တန်သော ဂုဏ်ပြုဆုများ၊ ဂုဏ် ပြုလက်မှတ်များအား ပေးအပ်ချီး မြှင့်ခဲ့သည်။