Searching...

မလေးရှား Felda အုပ်စု မြန်မာနိုင်ငံတွင် ရာဘာလုပ်ငန်း လုပ်ကိုင်မည်

ရန်ကုန်၊ အောက်တိုဘာ-၂ မလေးရှားနိုင်ငံမှ Felda Global Ventures Holdings (FGVH) အုပ်စုသည် မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးရေးနှင့် သားရေလုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာနိုင်ငံအခြေစိုက် ဖိုးလမင်းကုန်သွယ်ရေးလီမိတက်နှင့် နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း FGVH က ထုတ်ပြန်သည်။ ... ယင်းမှာ FGVH အုပ်စု၏ ဇွန်လအတွင်း ကနဦး လူထုသို့ ရှယ်ယာရောင်းချမှု ရှိခဲ့ပြီးနောက် ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရရှိခဲ့ပြီးနောက်ပိုင်း အရှေ့တောင်အာရှနှင့် အာဖရိကတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ပထမအဆင့်တွင် ရာဘာစိုက်ပျိုးရေးအတွက် ဟက်တာ ၃၀,၀၀၀ စိုက်ပျိုးရန် ပစ်မှတ်ထားသည်ဟု ကြေညာချက်က ဖော်ပြပြီး အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။ ယင်းလုပ်ငန်းအား မြိတ်မြို့တွင် အကောင်အထည် ဖော်သွားလိုကြောင်းနှင့် နောက်ပိုင်းတွင် ရာဘာနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သော ကားတာယာ ထုတ်လုပ်ရေး၊ ရာဘာလက်အိတ်များ ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ရန် ရည်မှန်းထားသည်ဟု FGVH ဥက္ကဋ္ဌ မစ္စတာဆာဘရီအာမက်က ပြောကြားသည်။
 
အပေါ်သို့!