Monday, 05 November 2012
(၂၃)နှစ်တာကာလအတွင်းအကြောင်
"ဒီက မြေကွက်တွေကို မြို့ပြဖော်ထုတ်ရေး ခေါင်းစဉ်နဲ့ သိမ်းခဲ့တာ နှစ်ပေါင်း
နှစ်ဆယ်ကျော်သွားပြီ အခုထိ ချောင်းသာ က ကျေးရွာအဆင့်ပဲရှိသေးတယ်။
အာဏာရှိသူတွေနဲ့ နေရာရှိသူတွေက အမျိုးမျိုးသိမ်းယူထားကြတယ်
ဒေသခံ ဦးသိပ္ပံစိုးက ပြောသည်။
အဆိုပါ မြေယာသိမ်းဆည်ခဲ့ခြင်းများေ
ပြုလုပ်ကာဒေသခံ တို့၏ နစ်နာမှုများအား ပြန်လည်ဆောင်ရွက် ပေးစေ လိုကြောင်း မျှော်လင့်မူများနှင့်အတူ ချောင်းသာ၌ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်မှု တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မူအား နိုဝင်ဘာ (၂)ရက်၊ ၂၀၁၂ခုနှစ်တွင်
ငြိမ်းချမ်းစွာစုဝေးခြင်းနှ
အဆိုပါ ကျေးရွာ၌ မြေယာအချို့ကို ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်များအတွင်း မယက၊ ခယက၊ တိုင်း ဥက္ကဋ္ဌများ၊ ဒုတိယ ဗိုလ်ချုပ်ကြီးများက မြို့ပြမြေ
ကွက်ဖော်ထုတ်ရန် ခေါင်းစဉ်ဖြင့် အဆင့်ဆင့်သိမ်းယူ ကာ ခွဲဝေယူခဲ့ခြင်း
ဖြစ်ကိုလည်း သိရသည်။
၂၀၀၀-၂၀၀၁ ခုနှစ်မှ ပုဂ္ဂလိကကုမ္ပဏီများမှလည်း တိုင်းစီမံချက်ဟုဆိုကာ ပုစွန်ကန်လုပ်ရန် အဓမ္မ သိမ်းယူခြင်း၊ ၂၀၀၆-၂၀၀၇ခုနှစ်များမှာ နွားစား
ကျက်မြေများကို အကြောင်းအမျိုးမျိုးပြ သိမ်းယူခဲ့ခြင်းနှင့် သိမ်းဆည်းမြေ
များအား လုပ်ငန်းလုပ်ကိုင်ခြင်းမရှိ
မြို့ပြတည်ဆောက်ရေးအဖြစ် ၁၉၉၇ ခုနှစ်ခုတွင်းသိမ်းယူထားသော
များကို မေ လ(၇) ရက်နေ့မှ စတင်ကာ စတင်ကာ(၆)လအတွင်း အပြီး
တည်ဆောက်မူ မရှိပါက ပြန်လည်သိမ်းယူ သွားမည်ဖြစ်ကြောင်း၊ ခွင့်ပြု
စီမံချက်ပါအတိုင်း တစ်နှစ်တွင်း (၅၀)ရာခိုင်နူန်း မပြီးစီးပါက မြေယာ ဖော်
ထုတ်က (၂၀၀၀၀ိ/-) ပြန်မရပဲ ပြန်လည်သိမ်းယူသွားမည်ဟု ၁၉၉၇ ခုနှစ်၊ ဇူလိုင်(၂၅)ရက် နေ့ တွင် တ၀တ (ဧရာဝတီ) အတွင်းရေးမှူး ဗိုလ်မှူး
ထွန်းရှင်၏ ခွင့်ပြုသည့် မြေယာကွက် ချထားမိန့်၌ ဖော်ပြခဲ့သည်။
"ပြီးခဲ့တဲ့ ငါးလပိုင်းကမှ ၆လအတွင်းအပြီး ဆောက်ရမယ်ဆိုပြီး အမိန့်ထုတ်
ခဲ့တယ်။ နိုင်ငံပိုင်သတင်း စာတွေရော၊ ကျေးရွာ ဆိုင်းဘုတ်တွေရော၊ ထုတ်ပြန်ထားတယ်။ ဒါပေမယ့် အကောင်အထည် ဖော်တာ မတွေ့ဘူး။ သူတို့ချထားတဲ့ အမိန့် သူတို့ပဲ ပြန်ဖောက်နေတယ်။ ၁၉၉၇ ခုနှစ် မြေယာ ကွက်ချထား ခွင့်ပြုမိန့် စည်းကမ်းဥပဒေတွေက အသက်မ၀င်ဘဲ ရွာသားတွေပဲ ဒုက္ခရောက် နေရတယ်" ဟု ဒေသခံ ဦးတင်မြင့်က ပြောသည်။