November 3, 2012Home, သတင်း
ဧရာဝတီတိုင်းဒေသကြီးပုသိမ်ြ
အဆိုပါ ပါတီအလံနှင့် ဆိုင်းဘုတ် ချခြင်း၊ ပါတီဝင်အဖြစ်မှနုတ်ထွက်ခြင်း
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှ ပါတီဝင်ဧည့်သည်များ၊
မြောင်းမြ၊ လပွတ္တာ မယ်ဇလီနှင့် ရပ်ကွက် အချို့မှ NLD ပါတီဝင်အင်အား ၆၀၀
ခန့်နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်လာကြသည် ကိုတွေ့မြင်ရပါသည်။
အမြို့မြို့အနယ်နယ်မှ တက်ရောက် လာကြသော NLD ပါတီဝင်များက ယခု လိုပါတီညီအစ်ကိုများ နှုတ်ထွက်သွားရ ခြင်းအား အလွန်ပင်ဝမ်းနည်းကြောင်း နှင့် ယခုလိုဖြစ်ရခြင်းမှာ ဒီမိုကရေစီကျကျ ရွေးချယ်မှုမျိုးမလုပ်ဘဲ ဗဟိုဦးစီးစနစ်နှင့် ရွေးချယ်မှုများ ပြုလုပ်နေသည့်အတွက် ကြောင့် ဧရာဝတီတိုင်းဒေသကြီးအချို့ မြို့နယ်များတွင်လည်း ယခုလိုပါတီဝင် အဖြစ်မှ နှုတ်ထွက်ကြခြင်းကိုမကြာခဏ ကြားနေရ၍ အလွန်မှစိတ်မကောင်း ခြင်းများစွာဖြစ်ရပါကြောင်း တက်ရောက် လာသောဧည့်သည်များမှ အသီးသီးပြော ကြားခြင်းကို သိရှိရပါသည်။
အမှတ် ၅၇၂ စကားဝါလမ်း အမှတ် (၃) ရပ်ကွက် ပုသိမ်မြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပုသိမ် မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်နှင့် ပါတီအလံတို့အား ဖြုတ်ချအပ်နှံပေးရန်ပါတီဌာန ချုပ်ကအမျိုး
မျိုးဖိအားပေးလာသဖြင့် မလိုလားအပ် သော အခြေအနေများမဖြစ်ပေါ်စေရန်
ငြိမ်းချမ်းစွာအပ်နှံပြီး NLD ပါတီအတွင်း ပါဝင်ဆောင်ရွက်လိုခြင်းမရှိ သော အဖွဲ့ ၀င်များစုပေါင်းနှုတ်ထွက်ခြင်းဖြစ်ကြောင်း
သိရသည်။ ဆက်လက်၍နှုတ်ထွက်ပွဲသို့ တက်ရောက်လာသော ပါတီဝင်တစ်ဦး
အားမေးမြန်းကြည့်ရာ မည်သူကမှ စည်းရုံးခြင်းမရှိကြောင်း မိမိဆန္ဒအလျောက်
နှုတ်ထွက်ကြခြင်းသာဖြစ်ကြောင်း ထပ်မံ သိရှိရသည်။
NLD ပါတီမှ ပါတီဝင်အင်အား ၁၃၂ ယောက် နှုတ်ထွက်သွားကြောင်းစာရင်း အရ သိရှိရသည်။
ဦးညွှန်လှိုင်ပြောကြားသည်မှာ
ကျွန်တော်သည် ခေတ်အဆက်ဆက် နှင့် ၁၃၅၀ ပြည့် ရှစ်လေးလုံးအရေးတော် ပုံကြီးမှ အသက်၊ သွေး၊ ချွေး၊ ဘ၀ပေါင်း များစွာ စတေးခဲ့ကြသော သူရဲကောင်းတို့ ၏သစ္စာကို စောင့်သိလျက်၊ အမျိုးသား ရေးနှင့် ဒီမိုကရေစီအရေးအတွက် ကိုယ် ကျိုးစွန့်လျက် ထမ်းရွက်လိုသူများသာဖြစ် ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) သည် အမျိုးသားရေးနှင့် ဒီမိုကရေစီရေးအတွက် ပြည်သူတို့၏ အချုပ်အခြာကို ခံယူလျက်ပါတီနိုင်ငံရေး မုခ်ဦးမှဝင်ရောက်လျှောက်လှမ်းမည်ဟု ကြွေးကြော်ခဲ့ပါတယ်။ ကျွန်တော်တို့ဆန္ဒ နှင့် တူညီစွာပြည်သူနှင့် တစ်သားတည်း ကျသည့်နိုင်ငံရေးပါတီအဖြစ်လ က်ခံကာ ယုံကြည်လျက်ဝင်ရောက်တာဝန်ထမ်းရွက် ခဲ့ကြပါတယ်။
အရင်းအနှီးကြီးမားစွာပေးဆပ် ၍ ရယူခဲ့ရသော ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲရလဒ်ကို ကြီးစွာတန်ဖိုးထားပါတယ်။ ထိုရလဒ်ကို ပြည့်ဝအောင်စွမ်းဆောင်နိုင် စွမ်းမရှိခဲ့ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) က မိမိတို့ ယုံကြည်သည် ပန်းတိုင်ရောက်အောင်လွှတ်တော်တွင်းမှ ဆက်လက်ဝင်ရောက်လျှောက်လှမ်း မည် ဟုဆုံးဖြတ်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့က ဆက်လက်၍ တာဝန် ကျေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲလဒ်ကို ထပ်မံ၍ ပြတ်ပြတ် သားသားဖော်ဆောင်ပေးခဲ့ကြပါတ ယ်။
ယခုအခါကျွန်တော်တို့ရဲ့ (NLD) ပါတီလွှတ်တော်တွင်းနိုင်ငံရေးကို ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါ တယ်။
သို့ပါသော်လည်း (NLD) တိုင်းရင်းသား ပြည်သူများရဲ့ အဓိကအရေးဖြစ်သည့်
အမျိုးသားရေးအပေါ်အလေးထားမှု အားနည်းလာပါတယ်။ ရေမြေတောတောင်
သဘာဝသြကာသလောကအပေါ်လည်း တန်ဖိုးထားမှုအားနည်းလာပါတယ် ။ အမျိုးသားနိုင်ငံရေးအရောင်မှိန်၍ ပါတီ နိုင်ငံရေးအရောင်ထိန်လာပါတယ်။ အပေါင်းအစုအားကို အလေးမထားဘဲ သူကောင်းပြုမှုများကို အရေးထားပါတယ် ဟုဦးညွန်လှိုင်မှ ပြောကြားပါသည်။
ဦးသန်းဝင်းပြောကြားသည်မှာ
ဒီမိုကရေစီရေးတွင်လည်း ပြည်သူ တစ်ရပ်လုံးအတွက် ဖော်ဆောင်နိုင်မှု အလှမ်းဝေးရုံမက ပါတီတွင်းဒီမိုကရေစီ ပါဆိတ်သုဉ်းလာသည်မှာ နိုင်ငံနှင့်အ၀ှမ်း ပင်ဖြစ်ပါတယ်။ အထူးသဖြင့်ကျွန်တော် တို့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ တွင် ပါတီတွင်းဒီမိုကရေစီဆိုးရွားစွာ ဆိတ်သုဉ်းလာပါတယ်။ ပါတီတွင်း ခရိုနီ များ၊ ပေါ်ပင်ပေါ်ပလင်အနားပြာများ၊ အနားခိုအကြွားပိုသူများအပေါ် ယုံစား၍ အခြေခံပါတီဝင်များကို အခွင့်မျှော်သူ နေရာသမားအဖြစ် ပြစ်တင်မှုများဖြင့် မလေးမစားပြုလာပါတယ်။
ကျွန်တော်တို့ကား အခွင့်မျှော်သူ နေရာသမားများမဟုတ်၍ အနားခိုကာ အနားပြာကာခိုပြာကျင့်၊ ခရိုနီကျင့်ကျင့် လိုသူများမဟုတ်ပါ။ ထိုသို့ ကျင့်ကြံသူများ ၀န်းရံ၍ ခြေလှမ်းမမှန် ပန်းတိုင်လွဲမှား သစ္စာတရားပျက်မည့်အရေးကိုသာ သတိမူ အလေးထားသူများဖြစ်ပါတယ်။ ထို့ကြောင့် ပြန်လည်မှတ်ပုံတင်ဖွဲ့စည်းသ ည့် (NLD) တွင် အနားခို၊ အနားပြာ၊ ခရိုနီတို့၏ ရွေးကောက်ပွဲအောင်နိုင်ရေးေ က်ာမရှင်ဖွဲ့ စည်းမှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်း
စီစစ်ရွေးချယ်မှု၊ ညီလာခံကျင်းပရေးကော် မရှင် ဖွဲ့စည်းမှုတို့တွင်
ပြုကျင့်ခဲ့သည် တရားမဲ့ပြုလုပ်မှုများကို ပြတ်ပြတ်သား သားဖော်ထုတ်ပါတယ်။
မရသည့်အဆုံး တွင် သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၂) ကို ပြုလုပ်ခဲ့ပါတယ်။
သတင်းထုတ်ပြန် ကြေညာချက် (၁/ ၂၀၁၂) နှင့် နောက် ဆက်တွဲ ထုတ်ပြန်ဖြေကြားချက်တို့ထုတ် ပြန်၍ အဖြေမှန်ကို သိသာထင်ရှားစေပါ တယ်။
သို့သော် ဗဟိုတာဝန်ရှိသူများက ဖြစ်ရပ်အကြောင်းခံ အဖြေမှန်ကို အခြေခံ တွင် ရှာဖွေခြင်း၊ စုံစမ်းခြင်း၊ လေ့လာခြင်း၊ တွေ့ဆုံခြင်း၊ ညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းလုံး ၀မရှိဘဲ စီမံရေးနှင့်မဆိုင်သော ဗဟိုကော် မရှင်က (၁၂.၉.၂၀၁၂) နေ့ စာများဖြင့် သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ပြုလုပ် ကြောင်း အကြောင်းပြ၍ ဦးညွှန့်လှိုင်၊ ဒေါက်တာသန်းထိုက်နှင့် ဦးသန်းဝင်းတို့ ကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ပါတယ်။ ပုသိမ်မြို့နယ် (NLD) ရုံးကိုလည်း အသိ အမှတ်မပြုတရားမ၀င်ပါကြောင်း ကြေညာ ၍ သက်ဆိုင်ရာများသို့ပင်မိတ်္တူများ
ပေးပို့ ခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က (၁၀.၉.၂၀၁၂) နေ့ စာဖြင့် (NLD)
ရုံးခန်းများတွင် အခြားပါတီ၊ အစုအဖွဲ့၊ တစ်သီးပုဂ္ဂလတို့ဖြင့်
စည်းဝေးခွင့်၊ ဆွေးနွေးခွင့်မပြုကြောင်း ကြေညာခဲ့ပါ တယ်။
(NLD) ခရိုင်ရုံး/ မြို့နယ်ရုံးသည် ပါတီဝင်အဖွဲ့ဝင်များ စုဆောင်းရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေး၊ ညီလာခံ ကျင်းပနိုင်ရေး၊ အင်အားစာရင်းများ ပြုစု ရေး၊ ရေဘေးကယ်ဆယ်ရေး၊ လူမှုရေး၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးမှုသင်တန်းများကြီး ကြပ်ရေးစသည့်ကိစ္စများကို တက်ကြွစွာ ဆောင်ရွက်နေသည့် ရုံးဖြစ်ပါတယ်။ ထိုရုံး ကို ဖျက်သိမ်းရန်နည်းမျိုးစုံဖြ င့်
ဖိအားပေး လာပါတယ်။ ဦးဆောင်သူ (၃) ဦးကို အရေးယူမှုကို လက်ခံပါတယ်။ အခြား
အဖွဲ့ဝင်လူငယ်များကို လက်တွဲ၍ ဆက်လက်ဆောင်ရွက်ပါ။ ခရိုင်နှင့် မြို့နယ်
(NLD) ရုံးမှာ တစ်ရုံးတည်းသာရှိ၍ ၀င်ရောက်ပူးပေါင်းဆောင်ရွက် ပါ။ ရပ်ဆိုင်းခံ (၃) ဦးသည်လည်းရုံးသို့လာ ရောက်ပတ်သက်မှုမပြုတော့ကြောင်း အဆုံးစွန်လိုက်လျောခဲ့ကြပါတ ယ်။
ပါတီ ၀င်ပေါင်း (၄၅၆) ဦးကလည်း ဗဟို (NLD) သို့ အထောက်အထားခိုင်လုံစွာ
တင်ပြမေတ္တာရပ်ခံခဲ့သည်။ သို့သော် အပြစ်ရှာလိုသူထံ ဆင်ခြေလဲခြင်းသည်
အချည်းနှီးသာဖြစ်ခဲ့ပါတယ်”ဟုပြောကြား သည်။
ဒေါက်တာသန်းထိုက်ပြောကြားသည်မှာ
“(၂၀.၁၀.၂၀၁၂)နေ့က (NLD) နာယကနှင့် ဗဟိုကော်မရှင်ဥက္ကဋ္ဌမှ ပုသိမ် မြို့သို့ရောက်ရှိလာခဲ့ပါတယ်။ ဦးညွှန့်လှိုင်၊ ဒေါက်တာသန်းထိုက်နှင့် ဦးသန်းဝင်းတို့ ကို ဗဟိုကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံပါ ရန် တိုင်းကော်မရှင်အတွင်းရေးမှူးက
ဖုန်း ဖြင့်လည်းကောင်း၊ ဖိတ်စာပေးပို့၍လည်း ကောင်းဖိတ်ကြားခဲ့ပါတယ်။
ဦးညွှန့်လှိုင် မှာ (၁၀.၁၀.၂၀၁၂) နေ့ကပင် နှုတ် ထွက်စာတင်ပြီးဖြစ်ပါတယ်။
သို့သော် (၃) ဦးစလုံးက တွေ့ဆုံရန် စောင့်ဆိုင်းခဲ့ကြပါ တယ်။
ဗဟိုကော်မရှင်ဥက္ကဋ္ဌက အချိန်မ ပေးနိုင်၍ မတွေ့ဆုံနိုင်ကြောင်း ပြန်ကြား
ပါတယ်။ တိုင်းကော်မရှင်အဖွဲ့ဝင်အချို့
ကပင် ဦးဆောင်၍ ချိန်းဆိုတွေ့ဆုံပြီး ဗဟိုကော်မရှင်ဥက္ကဋ္ဌက ဆိုင်းဘုတ်ဖြုတ်
ချ၍ရုံးကို ဖျက်သိမ်းရန်ညွှန်ကြားသွား ကြောင်း ပြောကြားပါတယ်။ ဗဟိုကော်
မရှင်ဥက္ကဋ္ဌသို့ဖုန်းဆက်မေးမြ န်းသောအခါ ဗဟိုက ထိုသို့ဆုံးဖြတ်ထား၍ လိုက်နာရန် အတည်ပြုပြောကြားပါတယ်။
ယနေ့ကျင်းပပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပုသိမ်ခရိုင်/ ပုသိမ်
မြို့နယ်ဆိုင်းဘုတ်ပိတ်သိမ်းစုပေါင်းနှုတ် ထွက်ခြင်းအခမ်းအနားကို
ကျင်းပခြင်းမှာ ကျွန်တော်တို့ စိတ်မကောင်းကြီးစွာဖြင့်
ပြုလုပ်ရခြင်းဖြစ်ပါတယ်။ စိတ်ဆန္ဒလွန် ကဲစွာ တစ်ဖက်သတ်ဆုံးဖြတ်ခြင်းလည်း မဟုတ်ပါ။ (၂၀.၁၀.၂၀၁၂) နေ့က လာရောက်တွေ့ဆုံခဲ့သည့်တိုင်းကော်မရှင် က တစ်ဆင့်ဗဟိုကို အသိပေးပြီးဖြစ်ပါ တယ်။ ဆိုင်းဘုတ်ဖြုတ်ချဖျက်သိမ်း ၍ စုပေါင်းနှုတ်ထွက်ပွဲကိုအခမ်းအနားနှင့် ပြုလုပ်နိုင်ကြောင်းပင် လက်ခံခဲ့၍ ကျွန်တော်တို့လည်း အမြင်အကျင့်နှင့် ခံစားချက်များတူညီကြသူချင်း သာစုပေါင်း နှုတ်ထွက်ကြခြင်းဖြစ်ပါတယ်။ ပါတီတွင် ဆက်လက်တာဝန်ထမ်းရွက်လိုသူများ၊ ညီလာခံအဆင့်ဆင့်မှန်ကန်မျှတ မှုရှိ/ မရှိ စောင်ဆိုင်းကြည့်လိုသူများကို အဖွဲ့ချုပ် တွင် ဆက်လက်ပါဝင်တာဝန်ထမ်းရွက်ဖို့
တိုက်တွန်းအားပေးခဲ့ပါတယ်။ ကျွန်တော် တို့တွင် အမှားအပြစ်ကင်းကြောင်း
ကျန်ရစ်သူများသိပါတယ်။ မိဘပြည်သူ များ သိကြတယ်။ အချိန်အခါနေရာမရွေး
အထောက်အထားခိုင်လုံစွာရှင်း ပြနိုင်ကြောင်း ကိုလည်း အမြဲပြောဆိုနေမှာဖြစ်ပါတယ်။
အမျိုးသားရေး၊ ဒီမိုကရေစီရေးတို့ တွင် အလေးထားမှု အားနည်းလာရုံမျှ မက နိုင်ငံရေးပါတီရုံး၌ပင် အခြားပါတီ၊ အစုအဖွဲ့၊ တစ်သီးပုဂ်္ဂလတို့နှင့် နိုင်ငံရေး၊ လူမှုရေး၊ ဆွေးနွေးခွင့်မရအောင်အမြင် ကျဉ်းစွာပိတ်ပင်လာသည့်နိုင် ငံရေးပါတီ
တွင် ဆက်လက်ရပ်တည်ရန် အခြေအနေ မပေးတော့ပါ၍ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) ပါတီ၏ ပါတီဝင်အဖြစ် မှ လုံးဝရုန်းကန်နှုတ်ထွက်ကြပါတ ယ်။ သို့သော်ကျွန်တော်တို့ဟာ အမျိုးသားရေး နှင့် ဒီမိုကရေစီရေးအပေါ်ဘယ်သောအခါ မျှသစ္စာဖောက်မည့်မဟုတ်သလိုေ ဖာက် ပြန်သူတွေကိုလည်း ဘယ်သောအခါမျှ ထောက်ခံလိမ့်မည်မဟုတ်ပါ။ ဝေဖန် ထောက်ပြရင်ဆိုင်နေကြမည်သာဖြ စ်ပါ တယ်။
ယနေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ နှုတ်ထွက်ကြသောကျွန်တော်တို့ ဟာ ပြီးပါပြီဟု နိဂုံးကမ်္ပတ်အဆုံးသတ်ကာ တိမ်မြုပ်ပျောက်ကွယ်သွားမည် မဟုတ်ပါ။ အမျိုးသားရေးဒီမိုကရေစီရေးအ တွက် အမျိုးသားဒီမိုကရေစီကွန်ရက် အဖြစ်ဖွဲ့ စည်း၍ ဆက်လက်ရပ်တည်နေမည်။ အမျိုးသားရေးဒီမိုကရေစီရေးအ တွက် အမြင်တူအကျင့်တူသူများနှင့် လည်းကောင်း (NLD) မှရုန်းထွက်လာသော ဘ၀တူရဲ ဘော်များနှင့် လည်းကောင်း၊ ကွန်ရက်တွင် ဆက်လက်ယှက်နွယ်ပေါင်းစုညီညွ တ်မည်
ဖြစ်ပါတယ်။ အခြားသော အဖွဲ့အစည်း၊ ကွန်ရက်များနှင့်လည်း ယှက်နွယ်ပေါင်း
စည်းလျက်တစ်မျိုးသားလုံး၏ အမျိုးသား ရေးဒီမိုရေစီရေးနှင့်
လူမှုအကျိုးပြုလုပ် ငန်းများတွင် ထက်သန်တက်ကြွစွာပူးပေါင်း
ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
ဦးသန်းဝင်းမှ ဆက်လက်ပြောကြား ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်) အမှတ် (၉၇/ ခ)
အနောက်ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့ဟုပါရှိသော (Letter
Head) ပေါ်တွင် ဗဟိုညီလာခံကျင်းပရေးကော် မရှင်မှ
မြို့နယ်ညီလာခံကျင်းပရေးကော် မရှင်သို့ထုတ်ပြန်ပေးသောစာတွင် အမှတ် ၅၇၂ စကားဝါလမ်း၊ အမှတ် (၃) ရပ်ကွက် ပုသိမ်မြို့တွင်တည်ရှိသောမြို့နယ်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်) မှ အသိအမှတ်မပြုသဖြင့် တရားဝင်တည် ရှိနေသော အဖွဲ့ချုပ်ရုံးခန်းမဟုတ်ပါဆို သည့်စာပိုဒ်ပါရှိလာသည့်အတွက် ရှင်းလင်း ပြောကြားရမည်ဆိုလျှင် အမျိုးသားဒီမို ရေစီအဖွဲ့ချုပ်မြို့နယ်ရုံး ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုညီ လာခံကျင်းပ ရေးကော်မရှင်ဥက္ကဋ္ဌသူရဦးတင်ဦး ဗိုလ်ချုပ် ကြီးဟောင်း (ငြိမ်း)ကိုယ်တိုင်လာရောက် ဖွင့်လှစ်ပေးထားသော မြို့နယ် NLD ရုံး ဖြစ်သည်ဟုပြောကြားခဲ့သည်။
ဗဟိုညီလာခံကျင်းပရေးကော်မရှ င် မှ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင် သို့ ထုတ်ပြန်သောစာအား ပုသိမ်မြို့နယ် တစ်မြို့နယ်လုံးဖြန့်ဝေကြော င်း ၎င်းစာ လက်ဝယ်ရရှိသူ မဲဇလီရွာနေပါတီဝင်တစ် ဦးဖြစ်သူမနန်းတင်ဝိုင်းနှင့် မြောင်းမြ၊ လပွတ္တာမှ ပါတီဝင်များပြောကြား၍ သိရှိရသည်။
အမြို့မြို့အနယ်နယ်မှ တက်ရောက် လာကြသော NLD ပါတီဝင်များက ယခု လိုပါတီညီအစ်ကိုများ နှုတ်ထွက်သွားရ ခြင်းအား အလွန်ပင်ဝမ်းနည်းကြောင်း နှင့် ယခုလိုဖြစ်ရခြင်းမှာ ဒီမိုကရေစီကျကျ ရွေးချယ်မှုမျိုးမလုပ်ဘဲ ဗဟိုဦးစီးစနစ်နှင့် ရွေးချယ်မှုများ ပြုလုပ်နေသည့်အတွက် ကြောင့် ဧရာဝတီတိုင်းဒေသကြီးအချို့ မြို့နယ်များတွင်လည်း ယခုလိုပါတီဝင် အဖြစ်မှ နှုတ်ထွက်ကြခြင်းကိုမကြာခဏ ကြားနေရ၍ အလွန်မှစိတ်မကောင်း ခြင်းများစွာဖြစ်ရပါကြောင်း
အမှတ် ၅၇၂ စကားဝါလမ်း အမှတ် (၃) ရပ်ကွက် ပုသိမ်မြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပုသိမ်
NLD ပါတီမှ ပါတီဝင်အင်အား ၁၃၂ ယောက် နှုတ်ထွက်သွားကြောင်းစာရင်း အရ သိရှိရသည်။
ဦးညွှန်လှိုင်ပြောကြားသည်မှာ
ကျွန်တော်သည် ခေတ်အဆက်ဆက် နှင့် ၁၃၅၀ ပြည့် ရှစ်လေးလုံးအရေးတော် ပုံကြီးမှ အသက်၊ သွေး၊ ချွေး၊ ဘ၀ပေါင်း များစွာ စတေးခဲ့ကြသော သူရဲကောင်းတို့ ၏သစ္စာကို စောင့်သိလျက်၊ အမျိုးသား ရေးနှင့် ဒီမိုကရေစီအရေးအတွက် ကိုယ် ကျိုးစွန့်လျက် ထမ်းရွက်လိုသူများသာဖြစ် ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) သည် အမျိုးသားရေးနှင့် ဒီမိုကရေစီရေးအတွက် ပြည်သူတို့၏ အချုပ်အခြာကို ခံယူလျက်ပါတီနိုင်ငံရေး မုခ်ဦးမှဝင်ရောက်လျှောက်လှမ
အရင်းအနှီးကြီးမားစွာပေးဆပ်
ယခုအခါကျွန်တော်တို့ရဲ့ (NLD) ပါတီလွှတ်တော်တွင်းနိုင်ငံရေ
ဦးသန်းဝင်းပြောကြားသည်မှာ
ဒီမိုကရေစီရေးတွင်လည်း ပြည်သူ တစ်ရပ်လုံးအတွက် ဖော်ဆောင်နိုင်မှု အလှမ်းဝေးရုံမက ပါတီတွင်းဒီမိုကရေစီ ပါဆိတ်သုဉ်းလာသည်မှာ နိုင်ငံနှင့်အ၀ှမ်း ပင်ဖြစ်ပါတယ်။ အထူးသဖြင့်ကျွန်တော် တို့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ တွင် ပါတီတွင်းဒီမိုကရေစီဆိုးရွာ
ကျွန်တော်တို့ကား အခွင့်မျှော်သူ နေရာသမားများမဟုတ်၍ အနားခိုကာ အနားပြာကာခိုပြာကျင့်၊ ခရိုနီကျင့်ကျင့် လိုသူများမဟုတ်ပါ။ ထိုသို့ ကျင့်ကြံသူများ ၀န်းရံ၍ ခြေလှမ်းမမှန် ပန်းတိုင်လွဲမှား သစ္စာတရားပျက်မည့်အရေးကိုသာ သတိမူ အလေးထားသူများဖြစ်ပါတယ်။ ထို့ကြောင့် ပြန်လည်မှတ်ပုံတင်ဖွဲ့စည်းသ
သို့သော် ဗဟိုတာဝန်ရှိသူများက ဖြစ်ရပ်အကြောင်းခံ အဖြေမှန်ကို အခြေခံ တွင် ရှာဖွေခြင်း၊ စုံစမ်းခြင်း၊ လေ့လာခြင်း၊ တွေ့ဆုံခြင်း၊ ညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းလုံး ၀မရှိဘဲ စီမံရေးနှင့်မဆိုင်သော ဗဟိုကော် မရှင်က (၁၂.၉.၂၀၁၂) နေ့ စာများဖြင့် သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ပြုလုပ် ကြောင်း အကြောင်းပြ၍ ဦးညွှန့်လှိုင်၊ ဒေါက်တာသန်းထိုက်နှင့် ဦးသန်းဝင်းတို့ ကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ပါတယ်။ ပုသိမ်မြို့နယ် (NLD) ရုံးကိုလည်း အသိ အမှတ်မပြုတရားမ၀င်ပါကြောင်း
(NLD) ခရိုင်ရုံး/
ဒေါက်တာသန်းထိုက်ပြောကြားသည
“(၂၀.၁၀.၂၀၁၂)နေ့က (NLD) နာယကနှင့် ဗဟိုကော်မရှင်ဥက္ကဋ္ဌမှ ပုသိမ် မြို့သို့ရောက်ရှိလာခဲ့ပါတယ
ယနေ့ကျင်းပပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပုသိမ်ခရိုင်/
အမျိုးသားရေး၊ ဒီမိုကရေစီရေးတို့ တွင် အလေးထားမှု အားနည်းလာရုံမျှ မက နိုင်ငံရေးပါတီရုံး၌ပင် အခြားပါတီ၊ အစုအဖွဲ့၊ တစ်သီးပုဂ်္ဂလတို့နှင့် နိုင်ငံရေး၊ လူမှုရေး၊ ဆွေးနွေးခွင့်မရအောင်အမြင် ကျဉ်းစွာပိတ်ပင်လာသည့်နိုင်
ယနေ့အမျိုးသားဒီမိုကရေစီအဖွ
ဦးသန်းဝင်းမှ ဆက်လက်ပြောကြား ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဗဟိုညီလာခံကျင်းပရေးကော်မရှ