Searching...

မြေကွက်ဈေးနှုန်းများတက်ပြီးနောက် ကွန်ဒိုများအငှားသွက်လာ


Tuesday, November 6, 2012

အစိုးရက ယခင်သိမ်းယူထားသော မြေကွက်များကို ပြန်လည်
ပေးအပ်မည်ဟူသော သတင်းနှင့် အခွန်စနစ်ကို ထိန်းချုပ်ထားခြင်း

ကြောင့်ဟူသော သတင်းများကြောင့် ပြည်တွင်းမြေဈေးကွက်များ တက်လာပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်၍ပြည်ပစီးပွားရေး လုပ်ငန်းရှင်များလာရောက်ပါက တည်းခိုနိုင်ရန်အတွက် ကွန်ဒို
တိုက်ခန်းများအငှားသွက် လာကြောင်း အိမ်ခြံမြေအကျိုးဆောင်
များထံမှ သိရသည်။

အခွန်ဆိုင်ရာ မူဝါဒပြောင်း လဲလာပြီး နောက်မြေကွက်ဝယ်ယူမှုများ
လျော့နည်းသွား၍ တန်ဖိုးနည်းမြေကွက်ဝယ်ယူမှုများပါ အရောင်း
အ၀ယ်အေးနေသော်လည်း မြေဈေးနှုန်းများမှာ တက်လာခဲ့ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးကပြောသည်။

ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးသော အခွန်သက်သာသဖြင့် ၀ယ်ခွန် ၁၅ရာခိုင်နှုန်း လျှော့ပေးခဲ့သည့် အခွန်စနစ် အစား အခွန်စနစ်ဟောင်းဖြစ် သည့် ၀ယ်ခွန်၊တံဆိပ်ခေါင်းခွန် စုစုပေါင်း ၃၇ရာခိုင်နှုန်းကောက်ခံ သည့် စနစ်ကိုပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ ပြည်ပစီးပွားရေးလုပ်ငန်း ရှင်များလာရောက်ပါက တည်းခိုနိုင်ရန်အတွက် ကွန်ဒိုတိုက်ခန်း များ အငှားသွက်လာကြောင်း သိ ရသည်။

““နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ၀င်လာရင် နိုင်ငံခြားသားတွေ လည်း ပါလာမှာပဲလေ။သူတို့နေဖို့အတွက် အခန်းတွေငှားရမှာပဲ။ ပြည်တွင်း
စီးပွားရေးသမားတွေက ကြိုတင်ပြင်ဆင်မှုအနေနဲ့ တိုက်ခန်းတွေဝယ်၊
ကွန်ဒိုတွေကြိုငှားကြတယ်။ ပြီးရင် နိုင်ငံခြားသားတွေ ကို ပြန်ငှားမှာလေ။ ပွင့်လင်းရာသီဆို ခရီးသွားတွေကလည်းများတယ်။ ဟိုတယ်တွေကလည်း မလောက်ဘူး။အဲဒါကြောင့် တိုက်ခန်း အ၀ယ်တွေ ကွန်ဒိုအငှားတွေ သွက်နေတာပါ””ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကပြော သည်။
 
အပေါ်သို့!