Searching...

သီလ၀ါအထူးစီးပွားရေးဇုန်ကို ဒေသခံများအတွက် မနစ်နာစေရဟု ဒုဝန်ကြီးဆို


Monday, 05 November 2012

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့်ဒေသခံ များအတွက် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဟုအမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဆက်အောင်က
အောက်တိုဘာ လ ၂၈ နေ့ နိုင်ငံတကာစီးပွားရေး စင်တာ IBC ၌

တွေ့ဆုံစဉ်ပြော ကြားသည်။

“လက်ရှိထက်မနိမ့်တဲ့အခြေ နေထိရောက်အောင်လုပ်ပေးမယ်။ ကတိပေးရုံတင်မကဘူး။ ဥပဒေပါ ရှိလာပြီ။ အရင်ကဥပဒေ
တိတိကျ ပြဒါန်းထားတာမရှိတော့ပြဿနာ အရှုပ်အတွေးနည်းနည်း
ရှိခဲ့တာပေါ့။ အခုတော့ ဒေသခံတွေလက်ရှိထက် မနိမ့်ကျတဲ့အခြေနေ
ထိရောက် အောင်တာဝန်ယူရမှာပေါ့။ ဥပဒေ ထဲမှာလည်း ဒီအတိုင်းပဲပါတာပါ။ အရင်နဲ့ မတူတာကတော့ အခုက ပွင့်လင်းမြင်သာမှုလည်းရှိလာတာ ပါပဲ။ ဒီတော့ဒါကိုလုပ်ကို
လုပ်ရ တော့မှာပါ။ ဥပဒေရှုထောင်က မဟုတ်တဲ့လူမှုရေးအဖွဲ့စည်းတွေ နဲ့ ပေါင်းလုပ်ဖို့ထိရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြား သည်။

အဆိုပါစီမံကိန်းကြောင့် ယင်း ဒေသတွင် စီးပွားရေးလုပ်ငန်းရှင် များနှင့် အိမ်ခြံမြေပွဲစားများက မြေလိုက်လံဝယ်ယူမှုများပြုလုပ် လျက်ရှိကြောင်း စီမံကိန်းဇုန်တွင် ပါဝင်သည့် ကျောက်တန်းမြို့နယ်ကျွန်းကလေးကျေးရွာတွင်
နေထိုင် သူတစ်ဦးကပြောသည်။

“စီးပွားရေးသမားတွေက သတင်း ရတာမြန်တယ်။ ဒီတော့သူတို့က ဟိုမှာမြေတွေ သွားဝယ်ထားလိုက် ရော၊ တကယ်အကျိုးခံစားခွင့်ရှိ လာတဲ့အခါဒေသခံတွေမရလိုက် မှာစိုးရိမ်တယ်။ ဒါကြောင့် ဒီဒေသ
တွေမှာလိုက်ပြီး ဒီအထူးစီးပွားရေး ဇုန်နဲ့ ပတ်သက်တဲ့ပညာပေးဟောပြော
ပွဲတွေလုပ်ဖို့စီစဉ်ထားတယ်” ဟု သီလ၀ါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌကပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ မှ အကျိုးတူ
လုပ်ဆောင်မည်ဖြစ် ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်း အကောင်အထည်
ဖော်နိုင်ရန် လျာထားကြောင်းစုံစမ်းသိရှိရသည်။

လတ်တလောတွင် ဂျပန်နိုင်ငံကို သာရင်းနှီးမြှုပ်နှံခွင့်ပေးထားပြီး အခြားရင်းနှီးမြှုပ်နှံလိုသည့်နိုင်ငံ များနှင့် အကြိုသဘောတူလက် မှတ်ရေးထိုးခြင်း၊ ဆွေးနွေးညှိနှိုင်း သည့်အခြေအနေတွင်သာရှိကြောင်း အထက်ပါဒုဝန်ကြီးကဆိုသည်။

အဆိုပါစီးပွားရေးဇုန်အတွက် မြေဟက်တာပေါင်း ၂၄၀၀ အသုံး
ပြုမည်ဖြစ်ကြောင်း သိရသည်။ အများစုသည် လူနေအိမ်များနှင့် လယ်ယာမြေများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
 
အပေါ်သို့!