လူမှုရေးဝက်ဘ်ဆိုက် Facebook ကိုတည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ခ်သည်
ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ နှစ်စဉ်ဖော်ပြလျက်ရှိသော သြဇာအရှိဆုံး
ပုဂ္ဂိုလ်များ စာရင်းတွင် ယခင်နှစ်ကထက် အဆင့်သတ်မှတ်ချက် လျော့ကျ
ခဲ့သည်။
Facebook အား အများပိုင်အဖြစ် စတော့ဈေးကွက်တင် ရောင်းချမှုစတင်
ခဲ့ပြီးနောက် Faecbook ရှယ်ယာဈေးနှုန်း ကျဆင်းမှုနှင့် ၎င်း၏ကြွယ်ဝမှု
များမှ ဒေါ်လာ ၁၇.၅ ဘီလီယံ ဆုံးရှုံးခဲ့ခြင်းကြောင့် ယခင်ကရရှိခဲ့သော အဆင့်က ၉ နေရာမှ အဆင့် ၂၅ သို့ ကျဆင်းခဲ့ရခြင်း ဖြစ်သည်။
အသက် ၂၈ နှစ်အရွယ် ဇက်ကာဘာ့ခ်သည် ၎င်းတည်ထောင်သော Facebook ၏ ရှယ်ယာဈေးများရောင်းချရာမှ ကမောက်ကမဖြစ်မှု
များကြောင့် ငွေကြေးများစွာ နစ်နာဆုံးရှုံးခဲ့ရသည်။
ယခုလက်ရှိ Forbes မဂ္ဂဇင်းမှ ရွေးချယ်ကောက်ယူထားသော ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ်များစာရင်းတွင် အမေရိကန်သမ္မတ အိုဘားမားက နံပါတ်တစ်နေရာ၌ ရပ်တည်နေပြီး နံပတ်နှစ်နေရာတွင် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်က ရပ်တည်နေသည်။ တတိယတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ စတုတ္ထနေရာတွင် မိုက်ခရိုဆော့ဖ်ပိုင်ရှင် ဘီလ်ဂိတ်နှင့် ပဉ္စမနေရာတွင် ပုပ်ရဟန်းမင်းကြီး ဘီနီဒစ် ၁၆ တို့ဖြစ်ကြသည်။
ခဲ့သည်။
Facebook အား အများပိုင်အဖြစ် စတော့ဈေးကွက်တင် ရောင်းချမှုစတင်
ခဲ့ပြီးနောက် Faecbook ရှယ်ယာဈေးနှုန်း ကျဆင်းမှုနှင့် ၎င်း၏ကြွယ်ဝမှု
များမှ ဒေါ်လာ ၁၇.၅ ဘီလီယံ ဆုံးရှုံးခဲ့ခြင်းကြောင့် ယခင်ကရရှိခဲ့သော အဆင့်က ၉ နေရာမှ အဆင့် ၂၅ သို့ ကျဆင်းခဲ့ရခြင်း ဖြစ်သည်။
အသက် ၂၈ နှစ်အရွယ် ဇက်ကာဘာ့ခ်သည် ၎င်းတည်ထောင်သော Facebook ၏ ရှယ်ယာဈေးများရောင်းချရာမှ