ငါးဆီထဲတွင်
ပါဝင်သည့် ဒြပ်ပေါင်း ငါးတစ်မျိုးသည် တုပ်ကွေး ရောဂါ ကူးစက် ခံထားရသည့်
ထူးခြားသည့် အခြေအနေ ရှိနေသော ကြွက်များကို သေဆုံးမှု အန္တရာယ်မှ ကာကွယ်ပေး
နိုင်စွမ်း ရှိကြောင်း လေ့လာ တွေ့ရှိ ရသည်။
ကမ္ဘာတစ်ဝန်းတွင် တုပ်ကွေး ရောဂါ ပိုးသည် ဖျားနာမှုနှင့် သေဆုံးမှုများ၏ အဓိက အကြောင်းရင်း ဖြစ်ပြီး လက်ရှိတွင် အသုံးပြု နေသည့်
တုပ်ကွေး ရောဂါ တိုက်ဖျက်သည့် ဆေးများသည် အဖျား ရောဂါ ပြင်းပြင်းထန်ထန်
ခံစား နေရသူ အများစုကို ကာကွယ် ပေးနိုင်စွမ်း မရှိကြောင်း သိရသည်။
ယခု တွေ့ရှိသော လေ့လာမှုသည် တုပ်ကွေး ရောဂါ ကူးစက် ခံစားနေရသူ လူနာများအား
ကုသရန် အတွက် နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် လက်ရှိ
အသုံး ပြုနေသည့် တုပ်ကွေး ရောဂါ တိုက်ဖျက်သည့် ဆေးများသည် ရောဂါပိုး
ကူးစက်ပြီး နောက်နှစ်ရက် အကြာတွင် လူနာကို တိုက်ကျွေးပါက ရောဂါပိုး
ပွားများမှု ကိုသာ တားဆီး ပေးနိုင်ပြီး လုံးဝ ပျောက်ကင်းရန် အတွက်မှာမူ
အကျိုး သက်ရောက်မှု မရှိပေ။
သိပံ္ပ ပညာရှင်များသည် တုပ်ကွေး ရောဂါ
တိုက်ဖျက်ရေး အတွက် ပို၍ အကျိုး ထိရောက်မှု ရှိသည့် ဆေးဝါး များကို
ရှာဖွေခဲ့ကြရာ တုပ်ကွေး ရောဂါပိုး ပွားများလာမှုတွင် အရေး ပါလှသော
မော်လီကျူးများနှင့် မျိုးဗီဇများစွာကို မကြာသေးမီ အချိန်များက ဖော်ထုတ်
နိုင်ခဲ့ ကြသည်။ သို့ရာတွင် ငါးဆီတွင် တွေ့ရသော Omega-3 Polyunsaturated
fatty acids (PUFAs) မှ ထုတ်ယူ ရရှိသော လစ်ပစ်ဒ် ဒြပ်ပေါင်းကို သဘာဝ
အတိုင်း တွေ့ရှိရခြင်းရှိ၊ မရှိ ဆိုသည်နှင့် ပတ်သက်ပြီး မသိရ သေးပေ။
ဂျပန်နိုင်ငံ အာကီတာ တက္ကသိုလ်မှ သုတေသီ များသည် PUFAsမှ ထုတ်ယူ ရရှိသည့်
လစ်ပစ်ဒ်အား အင်ဖလူ ရမ်ဇာ တုပ်ကွေး ကူးစက် ခံထားရသည့် အဆုတ်ဆဲလ် များအား
ကုသမှုများ ပြုလုပ်ခဲ့ရာတွင် Protectim D1 (PD1) သည် H5N1 အပါအဝင်
တုပ်ကွေး ရောဂါပိုးများ ပွားများမှုကို ဟန့်တားရာတွင် ထိရောက်မှု အရှိဆုံး
ဖြစ်ကြောင်း တွေ့ရှိ ခဲ့ကြသည်။
အင်ဖလူရမ်ဇာ ဗိုင်းရပ်စ်ပိုး
ကူးစက် ခံထားရသည့် ကြွက်အဆုတ် ထဲတွင် PD1 ပါဝင်မှု ပမာဏ နည်းခြင်းသည် H5N1
ကဲ့သို့သော ရောဂါ ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်များ ကူးစက်မှုနှင့် ဆက်စပ်
နေကြောင်း တွေ့ရသည်။ PD1နှင့် အတူ တုပ်ကွေး ရောဂါပိုး တိုက်ဖျက်သည့်
ဆေးများ ပေါင်းစပ် အသုံးပြု ကုသခြင်းသည် တုပ်ကွေး ရောဂါပိုး ကူးစက်ပြီး
နှစ်ရက် အကြာမှ စတင် ကုသခဲ့လျှင် တုပ်ကွေး ရောဂါပိုး ကူးစက် ခံရသည့်
ကြွက်များ၏ အသက် ရှင်သန်မှုကို တိုးပွားစေသည့် အပြင် သေဆုံးမှုကို ကာကွယ်
ပေးနိုင်သည်။
အိတ်ခ်ျကေဒီ