Searching...

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက် ===================================



ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်မားစွာ ရှိနေသော ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမို ကျရောက်နိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ ဖြစ်ပြီး ထိတွေ့မှု ကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း စသည့်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

သို့ပါ၍ ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီခန့် အချိန်အတွင်း အလုပ်လုပ်ကိုင်သူများ၊ နေရောင်ခြည်အောက်တွင် သွားလာ လှုပ်ရှားသူများ၊ သင်္ကြန်ရေကစားသူများ၊ ကလေးငယ်များအား အောက်ပါအတိုင်း သတိပြုကာကွယ်ကြရန် နှိုးဆော်အပ်ပါသည်။

၁။ ပူပြင်းသော နေရာင်ခြည်အောက်တွင် အလုပ်လုပ်ပါက မိမိ၏ အသားကို နေရာင်ခြည်နှင့် တိုက်ရိုက် မထိတွေ့အောင် ကာကွယ်ပါ။

၂။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားရန် လိုအပ်ပါက မျက်နှာ၊ လည်ပင်း၊ ပခုံးတို့ပါ လုံခြုံသောဦးထုပ်၊ထီး စသည်တို့ဆောင်းသွားပါ။

၃။ အဝတ်လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့) SPF15+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း နောက်တစ်ခါ ထပ်လိမ်းပါ။

၎။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ရန် ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင်သော အရောင်ရင့်သော အဝတ်အထည်များ၊ ထူသော အဝတ်အထည်များကို ဝတ်ပါ။

၅။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိ ထိခိုက်နိုင်ပါသဖြင့် အလှအပ သက်သက် ထုတ်လုပ်ထားသော နေကာမျက်မှန်များထက် ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည့် နေကာမျက်ကို ရွေးချယ်အသုံးပြုပါ။

၆။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုအန္တရာယ်ကို ပိုမိုခံစားရသောကြောင့် လူကြီးမိဘများအနေနှင့်-အသက်တစ်နှစ်အောက်ငယ်သော ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုပါနှင့်။
- ကလေးများကို အရိပ်ထဲတွင်သာ ကစားပါစေ။
- အပြင်ထွက်ရန် လိုအပ်ပါက သနပ်ခါးထူထူ (သို့) နေရောင်ခံလိမ်းဆေးကို မျက်နှာ၊ လည်ပင်း၊ ပခုံး၊ နောက်ကြော၊ ခြေထောက်နှင့် ခြေဖမိုးပေါ်သို့ လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည် မဖောက်နိုင်သောအဝတ် ဝတ်ပေးပါ။ နေကာမျက်မှန်တပ်ပါ။ ဦးထုပ်၊ ထီး ဆောင်းပေးပါ။

ကျန်းမာရေးဝန်ကြီးဌာန
 
အပေါ်သို့!