BY THE IT TIMES
မိုက်ခရိုဆော့ဖ် ကုမ္ပဏီသူဌေးကြီး ဘီဂိတ်သည် နှစ်ပေါင်း ၅၀ ကျော်ကြာ ထုတ်လုပ်မှုပုံစံ စနစ်တစ်ခုတည်း ရှိနေသည့် ကွန်ဒုံး ထုတ်လုပ်မှုကို ပုံစံပြောင်းလဲနိုင်ရန် ၎င်းတို့၏ လူမှုကူညီရေး ဖောင်းဒေးရှင်းမှ ရန်ပုံငွေ မတည်ပေးလိုက်သည်။ ကမ္ဘာ့ကျန်းမာရေး အခြေအနေအရ လိင်ပိုင်းဆိုင်ရာ ပျော်ပါးမှုများအတွက် အဓိက အသုံးပြုနေကြသည့် ကွန်ဒုံးများ၏ ဒီဇိုင်းပုံစံကို ပိုမိုလုံခြုံမှုရှိသည့် အခြေအနေဖြစ်လာရန် ဖန်တီးစေဖို့ ၎င်းတို့ ဇနီးမောင်နှံက စဉ်းစားခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ ယင်းပုံစံသစ်ဖြင့်
ကွန်ဒုံးထုတ်လုပ်ရန်အတွက် ဘီလ်ဂိတ်ဖောင်ဒေးရှင်းက ဒေါ်လာတစ်သိန်း စတင် မတည်ပေးလိုက်ပြီဖြစ်သည်။ ကွန်ဒုံးကို စတင် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ကျော် ရှိနေခဲ့ပြီး ယခု အသုံးပြုနေသည့် ပုံစံမှာ လွန်ခဲ့သည့်နှစ် ၅၀ ကထက် ကွဲပြားခြားနားမှု များစွာမရှိကြောင်း သိရသည်။ စစ်တမ်းများအရ ကမ္ဘာပေါ်ရှိ လူခုနစ်ဦးတွင် တစ်ဦးခန့် လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအတွက် ကွန်ဒုံးကို အသုံးပြုနေကြပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် အများဆုံး ဖြစ်ပွားရသည့် HIV/AIDS ရောဂါမှာ တစ်နှစ်လျှင် လူဦးရေ သန်းပေါင်းများစွာ သေကျေစေလျက်ရှိသည်။
http://
Creidt:yatanarpon
ZinYawNews
