Searching...

မြောက်ဦးသို့ ဓါတ်ဆီပုံးများဖြင့် ၀င်ရောက်ရန်ကြိုးစားသော ဘင်္ဂလီ ၅ ဦးအား ယနေ့ည ၃ နာရီခန့်တွင် ဖမ်းဆီးရရှိကာ သက်ဆိုင်ရာသို့ အပ်

 




ဧပြီလ ၁၄ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် မြောက်ဦးမြို့ သို့ ဓါတ်ဆီပုံး များဖြင့် ၀င်ရောက်ရန်ကြိုးစားသော ဘင်္ဂလီ ၅ ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဘင်္ဂလီများသည် ပေါင်းတုတ်ကျေးရွာမှဖြစ်ပြီး ------ (ခ)ရွှေမောင်၊ ဖူတီယာ၊ အူတိန်မာမောက်၊ အဒူခေါ်ရိမ်(ခ)စံမောင်၊ အဒူချော်ဘီ တို့ဖြစ် ကြောင်းသိရသည်။
အဆိုပါအမည်များသည် ဖမ်းမိသော ဘင်္ဂလီများ၏ ထွက်ဆိုချက်များသာဖြစ် သဖြင့် မှန်မမှန်ကိုမသိရသေးကြောင်းလည်းသိရသည်။ ယင်းတို့အား ဗန္ဒူလ တံတားအနီးတွင် တာဝန်ကျနေသော စစ်တပ်လက်ထဲသို့ အပ်နှံလိုက်ကြောင်း

လည်းသိရှိရပါသည်။

မြောက်ဦးမြို့သို့ ၀င်ရောက်မီးရှို့ရန်အတွက် လာရောက်ခြင်းဖြစ်သော်လည်း စောင့်ကြည့်နေသူများက မြင်သွားသဖြင့် လူ အင်အားဖြင့် လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် တောင်ပေါ်တစ်နေရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောပါသည်။

ထိုသို့ မီးရှို့ရန်ဝင်ရောက်လာသူများထဲတွင် အသက် ၄၀ ကျောက်အရွယ် ၂ ဦးနှင့် အသက် ၃၀ ၀န်းကျင် သုံးဦးတို့ ပါဝင်ကြောင်းလည်းသိရပါသည်။

သတင်းအပြည့်အစုံနှင့် ဓါတ်ပုံများကို ဆက်လက်တင်ပြပေးပါမည်။(RSV)

ဓါတ်ပုံ- https://www.facebook.com/rakhinethar.rakhinetharSee More
______________________________
Myawady News ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
 
အပေါ်သို့!