Unknown 12:02 AM 0 ဝေဖန်မှု့အရေအတွက် •မြေမြှပ်မိုင်းကြောင့် ဒုက္ခသည်ငါးသိန်း နေရပ်မပြန်နိုင်• Home » Unlabelled » •မြေမြှပ်မိုင်းကြောင့် ဒုက္ခသည်ငါးသိန်း နေရပ်မပြန်နိုင်• မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့အရှေ့တောင်ပိုင်း ပြည်နယ်တွေမှာ မြေမြှုပ်မိုင်း တွေ အနှံအပြား ရှိနေတာကြောင့် ဒုက္ခသည် ငါးသိန်းလောက်ဟာ နေရပ် မပြန်နိုင်ကြဘဲရှိနေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး UNHCR က ပြောပါတယ်။ အဲဒီမြေမြှုပ်မိုင်းတွေရှိတဲ့ နေရာတွေကို သတ်မှတ်တာ၊ ထင်ရှားမြင်သာတဲ့ သတိပေး အမှတ်အသားတွေ စီမံတာ၊ မြေမြှုပ်မိုင်းတွေ ရှင်းလင်း ဖယ်ရှား တာတွေ မရှိဘဲနဲ့ ဒုက္ခသည်တွေ အိမ်ပြန်ရဲကြမှာမဟုတ်ဘူးလို့ UNHCR ကာကွယ် စောင့်ရှောက်ရေးရုံးက ပြောပါတယ်။ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့တွေကြား (၁၄)နှစ် ကြာ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကျိုး ဆက်ကြောင့် မြန်မာပြည်တွင်းမှာ မြေမြှုပ်မိုင်းတွေ အများအပြား ကျန်ရှိနေတာ ဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေး စိတ်ချရတဲ့အခြေ အနေ မရောက်သေးဘဲမိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း၊မိုင်းရှိတဲ့ နေရာတွေကိုအကျယ်အပြန့်သိထားပြီး ဖြစ်ရင်တောင်မှ မိုင်းရှင်းလင်းရေးဟာ နှစ်ချီကြာမြင့်လေ့ရှိကြောင်း။ ဒီအတွက် ပါဝင်ပတ်သက်သူအားလုံးရဲ့ သဘောတူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်ကြောင်း ကုလသမဂ္ဂ ကပြောပါတယ် Share This To : Facebook Twitter Google+ StumbleUpon Digg Delicious LinkedIn Reddit Technorati