Searching...

☺ယာဉ်မောင်းအိပ်ငိုက်ရာမှ ယာဉ်တိမ်းမှောက်၍ လူ(၁၃)ဦးဒဏ်ရာရ☺

၃-၄-၂၀၁၃ ရက်နေ့ ၀၇၂၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်(၁၅/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃) လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှရန်ကုန်သို့ လှိုင်သာယာ မြို့နယ်၊ (၁၉)ရပ်ကွက်နေ နောင်နောင်(၂၅)နှစ်မောင်းနှင်လာသည့် ၈ဃ/xxxx လိုက်ထရပ်အနီရောင် ယာဉ်သည် ယာဉ်မောင်းသူမှ အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ဖြတ်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြေင်း သိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ပဲခူးမြို့၊ ရွှေဥဒေါင်းရပ်နေ ဦးအောင်ဌေးမြင့်(၃၈)နှစ်ပါ ကျား ၅ ဦး၊ မ ၈ ဦး၊ ပေါင်း ၁၃ ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာမျာရရှိခဲ့သဖြင့် လှည်းကူး ပြည်သူ့ဆေးရုံသို့တင်ပို့ကုသပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ နောင်နောင်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်

ရဲဇာနည်
 
အပေါ်သို့!