Searching...

အကြမ်းဖက်မှုများကို ဆန့်ကျင်သောအားဖြင့် မော်လမြိုင်တွင် ငြိမ်းချမ်းရေးလှုပ်ရှားမှုပြုလုပ်

 

မြန်မာပြည်အနှံတွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခပြဿနာများ၊ ဘာသာရေး၊ လူမျိုးရေးပြဿနာများရပ်တန့်စေလိုခြင်းအလို့ငှာ သော်လည်းကောင်း၊ မော်လမြိုင်မြို့ရှိ သင်္ကြန်များတွင်ဖြစ်ပေါ်လေ့ရှိသော ဒုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ခြင်း၊ အများပြည်သူဆူပူမှုဖြစ်အောင်ပြုလုပ်ခြင်းများကို ဆန့်ကျင်ခြင်းအားဖြင့်သော်လည်းကောင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ခုကို မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ကျွန်တော်တို့ ငြိမ်းချမ်းချင်ပါတယ်၊ လာမယ့်နှစ်သစ်မှာ ပဋိပက္ခတွေပြေပျောက်စေချင်လို့ ဒီလိုလှုပ်ရှားမှုတွေလုပ်ရတာပါလို့ ပါဝင်သူတစ်ဦးက ဖြေကြားခဲ့သည်။
ယင်းလှုပ်ရှားမှုတွင် ငြိမ်းချမ်းရေးသင်္ကြန်ဟုစာတမ်းပါသော အကျီများဝတ်ခြင်းကြပြီး ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေဟူသော စတေကာစာရွက်များကို
လိုက်လံဝေငှပြီး ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုဆင်တူအကျီများဝတ်ဆင်ထားသော လူ(၁၀၀)ခန့်က မော်လမြိုင်မြို့အနှံဆိုင်ကယ်များဖြင့် လှည့်လည်ခဲ့ကြပြီး ပြည်သူများမှလည်း စိတ်ဝင်စားစွာဖြင့်အားပေးခဲ့ကြောင်း ပါဝင်သူတစ်ဦးကပြောပါသည်။
“အခက်အခဲတော့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့ရဲ့ ထိပ်ဆုံးကနေပွိုင့်လုပ်တဲ့လူရဲ့ ငြိမ်းချမ်းရေးအလံဖြူကို ရဲတွေကတော့သိမ်း လိုက်တယ်၊ ကျန်တာတော့ပြဿနာမရှိပါဘူး”ဟု လိုက်ပါသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါသည်
မော်လမြိုင်မြို့တွင် သင်္ကြန်မတိုင်မှီကတည်းက သင်္ကြန်တွင်းလှည့်လည်ရာတွင် ဒုတ်၊ ဒါးလက်နက်မကိုင်ဆောင်ရန်၊ ဆိုင်ကယ်တွေလည်း အိတ်ဇော့မဖြုတ်ကြဖို့ သတိပေးထားကြောင်းနှင့် မော်လမြိုင်မြို့တိုးတက်ရေးကော်မတီကလည်း အကြံပြုစာများဖြင့်လိုက်လံနှိုးဆော်ထားကြောင်းလည်းသိရသည်။
ယင်းကဲ့သို့ပင် အခြားသောအဖွဲ့တစ်ခုမှလည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုစတေကာများလိုက်လံဝေငှခဲ့ကြောင်း သိရှိရပါသည်။

 
အပေါ်သို့!