Searching...

♦စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဇီးတောရွာသစ်တွင် ယနေ့နေ့လည်(၁)နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ♦

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဇီးတောရွာသစ်တွင် ယနေ့နေ့လည်(၁)နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁၅)လုံး ခန့် မီးလောင်ဆုံးရှူံးခဲ့ပြီး ၀က်(၅)ကောင်(ကျင်းတက်အရွယ်)ခန့် စက်ဘီးများ မီးလောင်ခဲ့တယ်လို့ သတင်းများရရှိခဲ့ပါသည်။
အဆိုပါ မီးလောင်မှုမှာ ကလေးငယ်များ ကန်စွန်းဥပြုတ်စားရာ မီးဖိုမှစတင် ကာမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှူံးမှုကာလတန်ဖိုးမှာ ကျပ်(၁၀) သိန်းနီးပါးခန့်ရှိနိုင်တယ်လို့လည်းသိရပါတယ်။
အဆိုပါမီးလောင်မှုသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်

ဦးသာအေး စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီမှူး နှင့် ဘုတလင်မြို့နယ် အုပ်ချုပ်ရေးမှူး
ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဘုတလင်မြို့နယ် မီးသတ်ဦးဌာနမှတာဝန်ရှိသူ
များ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိအရာခံအကြပ်စစ်သည်များ လာရောက်ပြီး မီးလောင်မှုအားဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်းလည်းသိရပါ သည်။
မီးဘေးသင့်မိသားစုများအား ဇီးတောရွာ အမက ကျောင်းတွင် ယာယီကယ် ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိကြောင်းလဲသိရပါတယ်။
Credit:Daily Online News
 
အပေါ်သို့!