Searching...

☻၀က်သားပေါက်လေးများ နယ်လှည့်ရောင်းချသည့် လုပ်ငန်းခေတ်စားလာ☻

မုံရွာခရိုင်၊ ပုလဲမြို့နယ်ရှိ ကျေးလက်ဒေသများသည် အိမ်းတွင်းမွေးမြူရေးလုပ်ငန်း ပေါက်ပွားလာသော ၀က်သားပေါက်လေး(ကျင်းတက်)များအား နယ်လှည့်ရောင်းချပေးခြင်း လုပ်ငန်းသည် ယခုနှစ်တွင် အများအပြား လုပ်ကိုင်လာလျက်ရှိကြောင်း ကန်းဒေါင့်ကျေးရွာနေ မွေးမြူရေးလုပ်ကိုင်သူ ဦးဘိုသောင်းမှ ပြောပြသည်။
၎င်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လယ်သွားရောက်၍ ၀က်သားပေါက်လေးများအား ၀ယ်ယူကာ ပုလဲ - ဂန့် ဂေါ ကားလမ်းပိုင်းမှတဆင့် ချင်းပြည်နယ်

ဟားခါး၊ ထန်တလန်၊ဖလမ်း၊တီတိန် စသည့် တောင်ပေါ်မြို့ များသို့ ဆိုင်ကယ်ဖြင့် တဆင့်သွားရောက် ရောင်းပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်၍ ပြောပြသည်။
အဆိုပါ ၀က်သားပေါက်လေးများ နယ်လှည့်ရောင်းချသည့် လုပ်ငန်းတွင်ကျယ်လာသည်နှင့်အမျှ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် စိတ်ပါဝင်စားသူများအား အရင်းအနှီးမတည်ပေးခြင်း၊ မွေးမြူရေးနှင့် ပတ်သက်သော အစာရေစာများမှအစ ဆေးဝါးများကိုပါ ၀န်ဆောင်မှုပေးနိုင်ရန် ၎င်းမှ စီစဉ်လျက်ရှိကြောင်း သိရ သည်။
ယင်း လုပ်ငန်းသည် အရင်းအနှီးများ၍ အမြတ်အစွန်း အရနည်းသော်လည်း ဒေသတွင်းသားငါးစားသုံးမှု ဖူလုံ စေရန်နှင့် အိုးအိမ်မကွာ ၀င်ငွေရှာဖွေနိုင်ရန်အတွက် အလေ့အဓကောင်းများအား ပြုစုပျိုးထောင်ပေးခြင်းဖြစ် ကြောင်း ၊ အချိန်တို ကာလအတွင်း သတ်မှတ်နည်းလမ်းအတိုင်း လိုက်နာမွေးမြူမည်ဆိုပါက မိသားစု အလုပ်အ ကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာနိုင်မည်ဖြစ်ကြောင်း ၀မ်းဘဲချိုင့်ကျေးရွာမှ မွေးမြူရေးလုပ်ငန်ရှင်တစ်ဦးမှ ပြောပြသဖြင့် သိရှိရသည်။



သတင်း + ဓာတ်ပုံ = ကိုတိုး (ချင်းတွင်း)
 
အပေါ်သို့!